AA တိုက်နေသည့် ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များမှာ ဥသျှစ်ပင်မြို့သို့ တပ်ဆုတ်
စစ်ရေး သတင်း
1 min read
0

AA တိုက်နေသည့် ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များမှာ ဥသျှစ်ပင်မြို့သို့ တပ်ဆုတ်

မတ် ၁၂ - ၂၀၂၅
1

(ဒဏ်ရာရ စစ်ကောင်စီတပ်သား များပြား၍ ဆေးရုံတွင် ကုတင်မလုံလောက်ဖြစ်နေ) အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဥသျှစ်ပင်မြို့သို့ ဆုတ်ခွာထွက်ပြေးနေကြောင်း သိရသည်။ ဥသျှစ်ပင် သတင်းရင်းမြစ်တစ်ဦးက ” AA ထိုးစစ်က ဥသျှစ်ပင်မြို့ထဲထိတော့ မရောက်သေးဘူး။ ဒါပေမယ့် မြို့နဲ့တော့ တော်တော်နီးနေပြီ။ စစ်ရေးကတော့ ပြင်းထန်နေတယ်။ စစ်ကားတွေ အတက်အဆင်းများတယ်။ တောင်ပေါ်က ဒဏ်ရာရတဲ့ စစ်သားတွေကို ပြန်သယ်ထုတ်နေတယ်။ ထိုးစစ်က ဥသျှစ်ပင်မြို့ဘက်ကို ဦးတည်လာနေပြီ ပြောလို့ရပါတယ်။ တပ်ဘက်ကတော့ လေ ကြောင်းတိုက်ခိုက်မှုရော လက်နက်ကြီးတွေ တစ်လျှောက်လုံး ပစ်ခတ်နေတယ်” ဟု ပြောသည်။ ညောင်ကျိုးတပ်စခန်းသိမ်းတိုက်ပွဲနှင့် ပန်းတောင်းမြို့နယ်အတွင်းက တိုက်ပွဲများမှာ ဇန်နဝါရီလကစ၍ ပိုမိုပြင်းထန်လာပြီး

Continue Reading