တရုတ်ကျားဖြန့်ဂိုဏ်းမှ ပါကစ္စတန်နိုင်ငံသား ၅ ဦး ထက်မနည်း ပိတ်လှောင်ပြီး နှိက်စက် ညှဉ်းပန်း
ပါကစ္စတန်နိုင်ငံသား ၅ ဦးထက်မနည်းသည် တရုတ်ကျားဖြန့်ဂိုဏ်း၏ ပိတ်လှောင်နှိပ်စက် ညှဉ်းပန်းခံနေရ၍ ကူညီကယ်တင်ပေးရန် အကူအညီ တောင်းလာကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ လူမှုကူညီရေး ဆောင်ရွက်နေသူတချို့က ပြောဆိုသည်။ ပါကစ္စတန်နိုင်ငံသား ၅ ဦးထက်မနည်းမှာ လူကုန်ကူးခံထားရပြီး အတင်းအကျပ် အလုပ်အခိုင်းခံနေရကာ ကျားဖြန့်ဂိုဏ်းများက သတ်မှတ်သော ငွေကြေးပမာဏကို လိမ်လည် ရယူပေးနိုင်ခြင်းမရှိသဖြင့် ကယ်ဆယ်ပေးရန် အဆင့်ဆင့် အကူအညီတောင်းခံလာခြင်း ဖြစ်သည်။ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်ထားသော ကျောက်ခတ်ဒေသတွင်ကျောက်ခတ်ဒေသတွင် ကျားဖြန့် ဂိုဏ်းများအခြေ ပြုသောဇုန်အသစ်တချို့ တည်ဆောက်နေခြင်း ဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဘက်ခြမ်းမှ လူမှုကယ်ဆယ်ရေးလုပ်သူက “ကျနော်တို့ဆီရောက်တဲ့အချိန်မှာ အချိန်က ၂ လလောက်ရှိနေပြီ။ ကျောက်ခတ်ဘက်မှာ လူကုန်ကူးခံထားရတယ်။ ကျားဖြန့်ဂိုဏ်းက သူတို့ကို