MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားခြင်းမရှိဟု တရုတ်ငြင်း
ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ် ဖမ်းဆီးထားသည်ဆိုသော သတင်းမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ငြင်းဆိုလိုက်သည်။ MNDAA ခေါင်းဆောင် ဖုန်တာရွှင်မှာ တရုတ်နိုင်ငံ၌ ဆေးကုသမှု ခံယူနေခြင်းသာဖြစ်ကြောင်းနှင့် ပြန်လည်သက်သာ ကျန်းမာစေရန် လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian က ပြောသည်။ Lin Jian က နိုဝင်ဘာလ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားခြင်းမရှိကြောင်း ပြောဆိုခဲ့ခြင်းသည်။ “တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူဖို့ အရင် လျှောက်ထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆေးကုသမှုခံယူနေပြီး ပြန်လည်သက်သာ ကျန်းမာလာစေဖို့ လုပ်ဆောင်နေပါတယ်” ဟု ပြောခွင့်ရက
တရုတ်ထုတ်ကုန်များ ထိုင်းကို ခြိမ်းခြောက်လာဟု စီးပွားရေးကျွမ်းကျင်သူများက အစိုးရသစ်ကို ထောက်ပြ
ထိုင်းနိုင်ငံအတွင်း တရုတ်ထုတ်ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုများမှာ အရှိန်မြင့်တက်လာပြီး ထိုင်းလူမျိုးများအား ခြိမ်းခြောက်နေသည်ဆိုသည့် သဘောထားအမြင်များကို အစိုးရသစ်အနေဖြင့် အလျင်အမြန် ဖြေရှင်းရန် စီးပွားရေးကျွမ်းကျင်သူများက ထောက်ပြနေကြသည်။ တရုတ်ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်မှုအပေါ် သဘောထားအမြင်များအား လျင်မြန်စွာ မဖြေရှင်းနိုင်ပါက ထိုင်းနိုင်ငံ၏ ပို့ကုန်နှင့် ခရီးသွားကဏ္ဍများကို ထိခိုက်စေနိုင်ကြောင်း သိရသည်။ ပန် ယာပီဝတ်စီမံခန့်ခွဲရေးအင်စတီကျု (Panyapiwat Institute of Management) ဥက္ကဋ္ဌနှင့် တရုတ်-အမေရိကန် စီးပွားရေးဆိုင်ရာ အထူးကျွမ်းကျင်သူ ဆမ် ပေါ့မာနာရောင်းဆန် (Sompop Manarungsan) က ယခု ဝန်ကြီးချုပ်သစ် ပေထုတ်တန် (Paetongtarn) အစိုးရသစ်ကို တိုက်တွန်းထားကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။ မစ္စတာဆမ်ပေါ့ (Sompop) က “ထိုင်းမှာ မကြာသေးခင်ကမှ
စစ်ကောင်စီနှင့် AA ကြား ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်ပြော
ရခိုင်ပြည်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ကြား အပြုသဘောဆောင်သောဘက်မှ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသွားမည်ဟု တရုတ်နိုင်ငံက ပြောဆိုလိုက်သည်။ ယမန်နေ့ ဧပြီလ ၄ ရက်နေ့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က ပြောကြားခဲ့ကြောင်း ဧပြီလ ၅ ရက်တွင် တရုတ်အစိုးရပိုင် CGTN သတင်းက ဖော်ပြသည်။ တိုက်ပွဲများ ပြန်လည်ပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် မြေပြင်အခြေအနေ အမြန်ဆုံးတည်ငြိမ်စေရန်အတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု Geng ကတိပြုခဲ့သည်။ “မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို နီးကပ်စွာ လိုက်နာဆောင်ရွက်လျက်ရှိပါတယ်”
တရုတ်နိုင်ငံသည် မြန်မာအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ISP စစ်တမ်းက ဖော်ပြ
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) က ယမန်နေ့ ဧပြီလ ၂ ရက်နေ့ထုတ် စစ်တမ်းတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာဆက်ဆံရေးအပေါ် ISP Myanmar က မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်များကို အလွှာစုံက လူပေါင်း ၂၅၀ ဦးကို မေးခွန်း ၁၀၀ ဖြင့် မေးမြန်းကာ စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။ အလွှာစုံဖြစ်သည့် နိုင်ငံရေးနယ်ပယ်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့အစည်းများ၊ ထင်ရှားကျော်ကြားသူများ၊ တိုင်းရင်းသားတော်လှန်ရေး EAOs နှင့် PDFs/LDFs တို့ကို မေးမြန်း စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။ ထိုစစ်တမ်းတွင် ဖြေဆိုသူအများစုက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ပြောဆိုကြသည်။ ယခင်နှစ်ကလည်း