စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားကြောင်း MNDAA ပြော
(သို့သော်လည်း စစ်ကောင်စီက နိုင်ငံအနှံ့ ဝေဟင်နှင့် မြေပြင် ထိုးစစ်အား ရပ်တန့်ရန်လိုအပ်) ကိုးကန့်တပ် MNDAA က အာဏာသိမ်း စစ်ကောင်စီနှင့် စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။ စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် အပြစ်မဲ့ပြည်သူလူထု၏ အကျိုးအကို ငဲ့ညှာထောက်ထားခြင်း၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းလိုခြင်းနှင့် ပြည်တွင်းစစ်ရေးပဋိပက္ခများကို လက်တွေ့ကျကျဖော်ဆောင်နိုင်ရေးအတွက်ဟု MNDAA က ထုတ်ပြန်ထားသည်။ MNDAA ၏ ထုတ်ပြန်ချက်မှာ မြန်မာပြည်ထဲက ခွဲထွက်ပြီး နိုင်ငံတော်သစ်ထူထောင်ခြင်းကို ပြုလုပ်မည်မဟုတ်ဟု စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း ပြောဆိုထားသည်။ MNDAA အနေဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစိုက်မတ်မတ်