ထိုင်းရဲတပ်ဖွဲ့ လေယာဉ် စမ်းသပ်ပျံသန်းစဉ် ပျက်ကျ၍ ၆ ဦး သေဆုံး
စစ်ရေး သတင်း
1 min read
0

ထိုင်းရဲတပ်ဖွဲ့ လေယာဉ် စမ်းသပ်ပျံသန်းစဉ် ပျက်ကျ၍ ၆ ဦး သေဆုံး

ဧပြီ ၂၅ - ၂၀၂၅
0

ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင် အနားယူအပမ်းဖြေမြို့တော်ဟွာဟင်း ကမ်းခြေအနီးမှာ ထိုင်း ရဲတပ်ဖွဲလေယာဉ်ငယ် တစ်စီးသည် စစ်ရေးလေ့ကျင့်မှုတွက် စမ်းသက်ပျံသန်းရာကနေ ယနေ့ ဧပြီလ ၂၅ ရက် နံနက်ပိုင်းမှာ ပျက်ကျသွားခဲ့သည်။ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး အခြား ရဲမှူးတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံးသို့ ပို့ဆောင်ထားစဉ်အတွင်း သေဆုံးသွားပြီးဟု ထိုင်းနိုင်ငံအတွင်းက သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။ အဆိုပါ လေယာဉ်ပျက်ကျမှု အကြောင်းအရင်းကို အသေးစိတ်မသိရသေးဘဲ စုံစမ်းနေဆဲဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ Viking DHC-6 Twin Otter သည် လူကြိုက်များသော ကမ်းခြေအပန်းဖြေမြို့၌ လေထီးလေ့ကျင့်ရေး လေ့ကျင့်ခန်းအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် စမ်းသပ်ပျံသန်းနေစဉ် ကမ်းလွန်ပင်လယ်ပြင်တွင် မီတာ

Continue Reading
၁ ရက်အတွင်း တရားမဝင် ဝင်လာသည့် မြန်မာတစ်ရာကျော် ထိုင်းမှာ ဖမ်းမိ
သတင်း အလုပ်သမားသတင်း
1 min read
0

၁ ရက်အတွင်း တရားမဝင် ဝင်လာသည့် မြန်မာတစ်ရာကျော် ထိုင်းမှာ ဖမ်းမိ

ဖေ‌ဖော်ဝါရီ ၁၅ - ၂၀၂၅
0

ဖေဖော်ဝါရီ ၁၄ ရက်နေ့ တစ်ရက်တည်းအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ကလေးငယ် အပါအဝင် ၁၂၉ ဦး ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိထားကြောင်း ထိုင်းအခြေစိုက်သတင်းဌာနများက ဖော်ပြသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်တွင် ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင် ဖက်ခါဆမ်လမ်းပေါ်မှာ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၄၆ ဦးနှင့် ကလေး ၁၁ ဦး လိုက်ပါလာသော ကုန်တင်ကားတစ်စီး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ မြန်မာနိုင်ငံသားများကို ရတ်ချဘူရီကနေ ထက်ရိုင်ခရိုင်သို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ကြောင်း ယာဉ်မောင်းက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ယာဉ်မောင်းကို တရားမဝင် လူမှောင်ခိုကူးမှုနှင့်

Continue Reading
နယ်စပ်တွင် UWSA နှင့် တင်းမာမှုမရှိဟု ထိုင်းစစ်တပ် ပြော
စစ်ရေး သတင်း
1 min read
0

နယ်စပ်တွင် UWSA နှင့် တင်းမာမှုမရှိဟု ထိုင်းစစ်တပ် ပြော

နိုဝင်ဘာ ၂၈ - ၂၀၂၄
0

(UWSA နှင့် တိုက်ရိုက်ဆောင်ရွက်ရန် မြန်မာစစ်တပ်က အကြံပြု) ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် ထိုင်းစစ်တပ်နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အကြား တင်းမာမှုများဖြစ်ပွားနေသည့် သတင်းများကို ထိုင်းစစ်တပ်က ပယ်ချလိုက်သည်။ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Thirat Sombatsiri က လူမှုမီဒီယာတွင် ပျံ့နှံ့နေသည့် နယ်စပ်တွင်စစ်ရေးတင်းမာမှု ပြောဆိုချက်များကို ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပယ်ချခဲ့သည်။ “နယ်စပ်ဒေသ တစ်ခုလုံး အခြေအနေက ပုံမှန်ပါပဲ၊ မီဒီယာက ဖော်ပြတဲ့အတိုင်း နယ်စပ်တလျှောက် ပဋိပက္ခဖြစ်ပွားတယ်ဆိုတာမျိုး အတည်ပြုချက် မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။ နယ်စပ်မြေပြင် အသေးစိတ်အချက်အလက်များနှင့် အခြေအနေများကို တင်ပြရန် မြေပြင်တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ထိုင်းစစ်တပ်

Continue Reading
ထိုင်းစစ်တပ်က ဝ တပ်ကို စစ်ကြေညာ၊ ဝ တပ်ကလည်း စစ်ကောင်စီကို တိုင်ကြား
စစ်ရေး သတင်း
1 min read
0

ထိုင်းစစ်တပ်က ဝ တပ်ကို စစ်ကြေညာ၊ ဝ တပ်ကလည်း စစ်ကောင်စီကို တိုင်ကြား

နိုဝင်ဘာ ၂၆ - ၂၀၂၄
0

ထိုင်း-မြန်မာနယ်စပ် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် နေရာတွင် UWSA ဝ တပ်က တပ်စခန်း ၈ ခုထက်မနည်းကို နေရာယူတပ်စွဲထားသည်ဟုဆိုကာ ထိုင်းစစ်တပ်က စွပ်စွဲပြီး စစ်ကြေညာထားကြောင်း သိရသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်တွင် နယ်မြေအငြင်းပွားမှု ဖြစ်နေသော နေရာက ဝ တပ်စခန်းများအနေဖြင့် လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရမည်ဟု ထိုင်းစစ်တပ်က ဝ တပ်များကို အမိန့်ပေးထားကြောင်း ထိုင်းသတင်းဌာနကများက ဖော်ပြကြသည်။ ထိုင်းစစ်တပ်က ထိုသို့ အမိန့်ပေးပြီးနောက် UWSA ဝ တပ်နှင့် ထိုင်းတော်ဝင်တပ်တို့မှာ နှစ်ဖက် စစ်ရေးတင်းမာကာ အပြန်အလှန်တိုက်ခိုက်ရန် လက်နက်ကြီးများ၊ အမြောက်တပ်များ အဆင်သင့် ပြင်ဆင်လျှက်ရှိထားကြကြောင်း သိရသည်။

Continue Reading