ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ထိုင်း ခွင့်ပြု
ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ ဆက်သွယ်ရေး အော်ပရေတာတိုင်းကနေ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ပြုလိုက်ပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံပိုင် တယ်လီကွန်းကုမ္ပဏီကနေ မတ် ၂၉ ရက်မှာ ထုတ်ပြန် ကြေညာသည်။ အဆိုပါ ဖုန်းခေါ်ဆိုမှုကို ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို မတ် ၃၁ ရက်အထိ ဆက်သွယ်ရေး အော်ပရေတာတိုင်းကနေ အခမဲ့ဖုန်းခေါ်ဆို၍ ရပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်က ရေးသားထားသည်။ အဆိုပါ ဖုန်းခေါ်ဆိုမှုအတွက် အရင်ဆုံး 001 800 001ကို ခေါ်ဆိုရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားဖြင့် (Free Call) အခမဲ့ ခေါ်ဆိုနိုင်ကြောင်း ဖြေကြား ပြီးချင်းတွင် 009 95 နောက်ကနေ မိမိခေါ်လိုသည့် ဖုန်းနံပတ်ကို ထည့်သွင်းရမည် ဖြစ်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက် သေဆုံး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်စူမြို့နယ် ပါရချူလမ်းမကြီး ဆွယ် ၃၇ အနီး ရေမြောင်းသန့်ရှင်းရေးလုပ်သည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက် သေဆုံးသွားကြောင်း သိရသည်။ မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်ခန့်အချိန် ဘန်ကောက်မြို့တွင် မြေအောက်လှိုဏ်ဂူအတွင်း ရေမြောင်းသန့်ရှင်းရေး လုပ်နေစဉ်တွင် ဓာတ်လိုက်သေဆုံးသွားခြင်းဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးလှခိုင်က ပြောသည်။ ထိုင်းရောက် မြန်မာအလုပ်သမားကို အကူအညီပေးနေသည့် AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးလှခိုင်က “အောက်ဆီဂျင်ပြတ်လပ်တဲ့ နေရာမှာ မီးရှော့ခ်လိုက်ပြီး သေသွားတာ။ လုံခြုံရေး အားနည်းတာပေါ့။ ထိုင်းဥပဒေအရ သေဆုံးရင် ပတ်စ်ပို့ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နစ်နာကြေးလက်ခံမယ့်
အိန္ဒိယ-မြန်မာ-ထိုင်း အာရှအဝေးပြေးလမ်းမကြီး စီမံကိန်းမှာ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ရပ်ဆိုင်းနေဟု အိန္ဒိယ ပြော
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အာရှအဝေးပြေးလမ်းမကြီး IMTT စီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်လိုသော်လည်း မြန်မာပြည်တွင် အခြေအနေ မငြိမ်သက်မှုများကြောင့် စီမံကိန်းကို ခေတ္တရပ်ဆိုင်းထားရသည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂူဝါဟာတီမြို့တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်သော အစည်းအဝေးတစ်ခုမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရတ် ဂျိုင်ရှန်ကာ (Jaishankar) မှ ပြောကြားခဲ့ကြောင်း အိန္ဒိယသတင်းဌာန NDTV က ဖော်ပြသည်။ “မြန်မာ့အခြေအနေကြောင့် IMTT အဝေးပြေးလမ်းစီမံကိန်းကို ခေတ္တရပ်ထားပါပြီ။ ဒီ ‘မြန်မာ့မငြိမ်မသက်မှုဟာ အရေးပါတဲ့ ဒီစီမံကိန်းကို တားဆီးဖို့ ခွင့်မပြုနိုင်ပါဘူး။ စီမံကိန်း အခြေအနေ တိုးတက်မှု သေချာစေဖို့အတွက် လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေကို ရှာရပါမယ်”
ပွဲစားများက စွန့်ပစ်ခဲ့သည့် မြန်မာ နိုင်ငံသား ၁၂၀ နီးပါး ထိုင်းတွင် ဖမ်းဆီးခံရ
မလေးရှားနှင့် ထိုင်းနိုင်ငံ ပြည်နယ်များသို့ သွားရောက်ရန် ထွက်ခွာလာသော မြန်မာနိုင်ငံသား ၁၂၀ နီးပါး ပွဲစားများက စွန့်ပစ်မှုကြောင့် ထိုင်းအာဏာပိုင်းမျာတွင် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ သတင်းများက ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီပြည်နယ်၊ ဆန်ခလဘူရီမြို့မှာ တရားမဝင် ဝင်ရောက်ရှိလာသော ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ၄၄ ဦးအပါအဝင် မြန်မာ ၁၁၆ ဦး ဖမ်းဆီးခံခဲ့ရသည်။ အဖမ်းခံရသူများထဲမှ ထိုင်းစကား အနည်းငယ်တတ်သူများ၏ ပြောဆိုချက်အရ မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်က ဆင့်ခေါ်နေသော စစ်မှုထမ်းအဖြစ်မှ ရှောင်တိမ်းရန် ထွက်ပြေးလာကြသည်ဟု
၁ ရက်အတွင်း တရားမဝင် ဝင်လာသည့် မြန်မာတစ်ရာကျော် ထိုင်းမှာ ဖမ်းမိ
ဖေဖော်ဝါရီ ၁၄ ရက်နေ့ တစ်ရက်တည်းအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ကလေးငယ် အပါအဝင် ၁၂၉ ဦး ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိထားကြောင်း ထိုင်းအခြေစိုက်သတင်းဌာနများက ဖော်ပြသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်တွင် ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင် ဖက်ခါဆမ်လမ်းပေါ်မှာ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၄၆ ဦးနှင့် ကလေး ၁၁ ဦး လိုက်ပါလာသော ကုန်တင်ကားတစ်စီး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ မြန်မာနိုင်ငံသားများကို ရတ်ချဘူရီကနေ ထက်ရိုင်ခရိုင်သို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ကြောင်း ယာဉ်မောင်းက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ယာဉ်မောင်းကို တရားမဝင် လူမှောင်ခိုကူးမှုနှင့်
မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းစစ်သားများက နှိပ်စက်သတ်ဖြတ်ခဲ့မှု ထိုင်းရှေ့နေ ကောင်စီ အမှု လက်ခံ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသား တစ်ဦးကို ထိုင်းစစ်သားများက ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးခဲ့မှုတွင် စစ်ဆေးပေးရန် တောင်းဆိုမှုကို ထိုင်းနိုင်ငံ ရှေ့နေများကောင်စီမှ လက်ခံလိုက်သည်။ သေဆုံးခဲ့သော မြန်မာနိုင်ငံသား ကိုအောင်ကိုကို အတွက် တရားမျှတမှုရရှိရန် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် လက်ခံလိုက်ပြီဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ယနေ့တွင် ပြောသည်။ မြန်မာနိုင်ငံသား အောင်ကိုကို အတွက် တရားမျှတမှုရရှိစေရန် Fortify Rights က တင်သွင်းသည့် အမှုကို ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ Lawyers Council of Thailand က လက်ခံလိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေ့များ
ထိုင်းနိုင်ငံမှာ ၃ ရက်အတွင်း အထောက်အထားမဲ့ မြန်မာ ၃၃၀ ကျော် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃ ရက်အတွင်း ၃၃၄ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ ဇန်နဝါရီလ ၂၉ ရက် နံနက် ၁ နာရီက ၂၁ ဦး၊ နံနက် ၅ နာရီက ၁၁၈ ဦးနှင့် ညနေ ၁၀ နာရီတွင် ၂၆ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။ ဆက်လက်ပြီး ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်လည်း ထရပ်ကားအတွင်း ခိုးဝှက်လိုက်လာသော မြန်မာနိုင်ငံသား ၁၆၉ ဦး ထပ်မံဖမ်းဆီးခံရသည်။ ၂၁ ဦးကို ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် ဖုတ်ဖရမြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား
အမေရိကန်အကူအညီဖြင့် ဒုက္ခသည်များအား ဆေးကုပေးနေသော ထိုင်းက ဆေးရုံဆေးခန်းများ ပိတ်သိမ်းခံရ
အမေရိကန်ထောက်ပံ့မှုများဖြင့် လည်ပတ်နေသော မြန်မာဒုက္ခသည် သောင်းနှင့်ချီကို ဆေးကုပေးနေသည့် ထိုင်းနိုင်ငံအတွင်းက ဆေးရုံဆေးခန်းများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။ သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့၏ ရက် ၉၀ မူဝါဒကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်သောင်းနှင့်ချီကို ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ရပ်နားခံလိုက်ရခြင်းဖြစ်သည်။ ထိုင်းတာဝန်ရှိသူများသည် အမေရိကန်အကူအညီဖြင့် လည်ပတ်နေသော နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) ၏ ဆေးရုံဆေးခန်းများသို့ ရောက်ရှိလာပြီး ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အပြီးပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ IRC ကို မီဒီယာများက မှတ်ချက်ပေးရန် မေးမြန်းရာတွင် ပြန်လည်တုန့်ပြန်ခြင်းမရှိပေ။ ဒေါ်နယ်ထရမ့် သည် ၎င်း၏ “America First”
ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း ၃၅၂ ကျောင်းကို ပိတ်ထားရ
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းပေါင်း ၃၅၀ ကျော်ကို စတင်ပိတ်လိုက်ရကြောင်း ဘန်ကောက်ပို့စ်သတင်းက ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် ဖော်ပြသည်။ ဘန်ကောက်မြို့ အာဏာပိုင်များက လေထုအရည်အသွေး စောင့်ကြည့်မှု IQAir ဖြင့် ကမ္ဘာပေါ်တွင် သတ္တမမြောက် လေထုညစ်ညမ်းမှု အများဆုံးမြို့အဖြစ် သတ်မှတ်ခံရသည်ဟု ပြောသည်။ “လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးက ခရိုင် ၃၁ ခုမှာ စာသင်ကျောင်း ၃၅၂ ကျောင်းကို ပိတ်ထားပါတယ်” ဟု အာဏာပိုင်များက ၎င်း၏တရားဝင် LINE အဖွဲ့တွင် မျှဝေထားသည့် စာတိုတစ်စောင်တွင် ပြောကြားခဲ့သည်။ လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်ရှိ စာသင်ကျောင်းပေါင်း ၂၅၀ ကျော်ကို ယမန်နေ့ကစ၍ ပိတ်ထားခဲ့ရပြီး အာဏာပိုင်များက
ယနေ့ ထိုင်းနိုင်ငံမှာ LGBTQ+ စုံတွဲများ တရားဝင်လက်ထပ်ခွင့် ရကြပြီ
ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှာ လိင်တူချစ်သူ LGBTQ+ စုံတွဲများ တရားဝင်လက်ထပ်ခွင့် ရရှိကြပြီဟု ထိုင်းမီဒီယာများက ဖော်ပြကြသည်။ ကန့်သတ်ခံထားရသည့် လိင်တူလက်ထပ်ခွင့်ကို ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခွင့်ဆိုင်ရာ ဥပဒေအရ တရားဝင်ခွင့်ပြုလိုက်ပြီး ဘန်ကောက်မြို့တွင် LGBTQ+ စုံတွဲများ ရာနှင့်ချီ စောင့်ဆိုင်းနေကြသည်ဟု သိရသည်။ သရုပ်ဆောင် စုံတွဲဖြစ်သည့် Porshe Apiwat Apiwatseri နှင့် Am Sappanyu Panathakul တို့သည် ယနေ့ နံနက် ၈ နာရီမှာ Phra Nakhon ခရိုင်ရုံးတွင် တရားဝင်လက်ထပ်ထိမ်းမြားခွင့် တင်လိုက်ပြီး ထိုင်းနိုင်ငံ၏ LGBTQ+ လက်ထပ်ကြသည့် ပထမဆုံးသော စုံတွဲဖြစ်ကြသည်။ ဘန်ကောက်မြို့က ခရိုင်ရုံးပေါင်း