ဆင်းရဲချို့တဲ့စာရင်းဝင် ထိုင်းပြည်သူ ၁၄ သန်းခွဲကို ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့မည်ဟု သက်ဆင်အတည်ပြု
နိုင်ငံရေး သတင်း
1 min read
82

ဆင်းရဲချို့တဲ့စာရင်းဝင် ထိုင်းပြည်သူ ၁၄ သန်းခွဲကို ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့မည်ဟု သက်ဆင်အတည်ပြု

August 26, 2024
0

ထိုင်းပြည်သူများထဲမှ ဆင်းရဲချို့တဲ့သော လူ ၁၄.၅ သန်းကို ရွေးကောက်ပွဲကတိအတိုင်း ဘတ် ၁၀,၀၀၀ (တစ်သောင်း) စီ ထောက်ပံ့ပေးသွားမည်ဟု ဩဂုတ်လ ၂၂ ရက်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှက်နာဝပ် က အတည်ပြုပြောကြားခဲ့သည်။ ယမန်နေ့ ညနေက Nation Group မှ စီစဉ်သော “Vision for Thailand” ဖိုရမ်တွင် မိန့်ခွန်းပြောကြားစဉ် သက်ဆင်က ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။ ၂၀၂၃ ခုနှစ် ထိုင်းအထွေထွေရွေးကောက်ပွဲတွင် ဖီယူထိုင်းပါတီက မဲဆန္ဒရှင်များကို ပေးထားခဲ့သည့် ကတိအတိုင်း ဆောင်ရွက်သည့်အနေဖြင့် ဆင်းရဲချို့တဲ့မှုစာရင်းဝင် ပြည်သူ ၁၃.၅ သန်းနှင့် မသန်စွမ်းပြည်သူ ၁ သန်းတို့ကို ဘတ်ငွေ

Continue Reading
ဝန်ကြီးချုပ်ဟောင်း သက်ဆင်သမီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာ
ပညာရေး သတင်း
1 min read
84

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သမီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာ

August 17, 2024
0

(ထိုင်းဝန်ကြီးချုပ်သမိုင်း အသက်အငယ်ဆုံးဟုဆို) ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီး အသက် ၃၇ နှစ်အရွယ်ရှိPaetongtarn Shinawatra (ပေထောင်တန် ရှင်နာဝပ်ထရာ) သည် ထိုင်းဝန်ကြီးချုပ်ဖြစ်လာကြောင်း သိရသည်။ အာဏာရညွန့်ပေါင်းပါတီများက ဝန်ကြီးချုပ်လောင်းအဖြစ် Paetongtarn ကို လွှတ်တော်တွင် အမည်စာရင်းတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ Paetongtarn မှာ ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသည်။ ကျင့်ဝတ်ဖောက်ဖျက်မှုနှင့် ဝန်ကြီးချုပ် Srettha Thavisin ကို ရာထူးမှ ဖယ်ရှားပြီးနောက် ထိုင်း ဝန်ကြီးချုပ်အသစ်နေရာ သက်ဆင်သမီးကို အာဏာရ ညွန့်ပေါင်းပါတီများက အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။ Paetongtarn Shinawatra သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်ပြီး အသက်

Continue Reading
ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရ
နိုင်ငံရေး သတင်း
1 min read
56

ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရ

August 17, 2024
0

(အခြေခံဥပဒေ ချိုးဖောက်မှုဖြင့် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဖယ်ရှားခြင်းဖြစ်) ထိုင်းနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အခြေခံဥပဒေ ချိုးဖောက်မှုဖြင့် ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သိရသည်။ တရားရုံးအရာရှိတစ်ဦးကို လဘ်ပေးလာဘ်ယူမှု ကျူးလွန်ခဲ့ဖူးသော Pichit Chuenban ကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှုဖြင့် ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အခြေခံဥပဒေချိုးဖောက်သည်ဟုဆိုကာ အခြေခံဥပဒေခုံရုံးက ရာထူးမှ ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရသည့်အတွက် ၎င်းဖွဲ့စည်းထားသော အစိုးရ အဖွဲ့လည်း ပျက်ပြယ်သွားပြီး ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်တွင် ထပ်မံ ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။

Continue Reading
Move Forward ပါတီ ဖျက်သိမ်းခံရ၊ ပါတီခေါင်းဆောင် ပီတကို နိုင်ငံရေးဆောင်ရွက်ခွင့် ၁၀ နှစ်ပိတ်ပင်
နိုင်ငံရေး သတင်း
1 min read
67

Move Forward ပါတီ ဖျက်သိမ်းခံရ၊ ပါတီခေါင်းဆောင် ပီတကို နိုင်ငံရေးဆောင်ရွက်ခွင့် ၁၀ နှစ်ပိတ်ပင်

August 9, 2024
0

ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး အနိုင်ရရှိထားသော Move Forward ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင် ပီတကို နိုင်ငံရေးတွင် ၁၀ နှစ်တာ ပါဝင်ဆောင်ရွက်ခွင့်မပြုဘဲ ပိတ်ပင်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ယနေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ၊ Chaithawat Tulathon အပါအဝင် ပါတီထိပ်တန်းအဖွဲ့ဝင်များကို နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဘုရင်နှင့် မိသားစုကို ကာကွယ်ထားသော တော်ဝင်ဥပဒေကို ပြုပြင်ပြောင်းလဲရမည်ဟု Move Forward ပါတီက ပြောဆိုမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုသို့

Continue Reading
Move Forward ပါတီ ဖျက်သိမ်းရေး ခုံရုံးလက်ခံ၊ မကြာခင် ကြားနာပွဲလုပ်မည် 
နိုင်ငံရေး သတင်း
1 min read
210

Move Forward ပါတီ ဖျက်သိမ်းရေး ခုံရုံးလက်ခံ၊ မကြာခင် ကြားနာပွဲလုပ်မည် 

April 4, 2024
0

ထိုင်းပြည်သူ အများစု ထောက်ခံမဲပေးထားသည့် Move Forward ပါတီကို ဖျက်သိမ်းရန် ရွေးကောက်ပွဲကော်မရှင်၏ ဦးတိုက်လျောက်ထားမှုကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက လက်ခံလိုက်ပြီး မကြာခင် ကြားနာပွဲပြုလုပ်သွားမည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနက ရေးသားဖော်ပြသည်။  Move Forward ပါတီအနေဖြင့် ၁၅ ရက်အတွင်း အယူခံဝင်ရန် အခြေခံဥပဒေခုံရုံးက ညွှန်ကြားထားကြောင်း ခုံရုံးတာဝန်ရှိသူများက ပြောသည်။  ရွေးကောက်ပွဲကော်မရှင် မှတ်ပုံတင်ရေးဌာနက တာဝန်ရှိသူတစ်ဦးမှာ ထိုင်းပြည်သူ အများဆုံးထောက်ခံ မဲပေးထားသည့် Move Forward ပါတီ (MFP) ကို ဖျက်သိမ်းပေးရန် ရွေးကောက်ပွဲကော်မရှင်ထံ မတ်လ ၁၂ ရက်နေ့က ဦးတိုက်လျောက်ထားခဲ့ခြင်းဖြစ်သည်။   ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများမှာ MFP ပါတီကို ဖျက်သိမ်းရန်နှင့် ပါတီခေါင်းဆောင်

Continue Reading