၃၆ နှစ်ကျော်ကြာ တပ်စွဲထားသော ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ ခလယ်ဒေးစခန်းကို KNU သိမ်းပိုက်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ ၃၆ နှစ်ကြာ တပ်စွဲအထိုင်ချထားသော စစ်ကောင်စီ၏ ခလယ်ဒေးတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး KNU က သိမ်းပိုက်ရရှိကြောင်း သိရသည်။ ခလယ်ဒေးတပ်စခန်း အား တိုက်ခိုက်သိမ်းပိုက်ရရှိမှုအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအများအပြားနှင့်အတူ စစ်သုံ့ပန်းနှစ်ဦး အလောင်းကိုလည်း သိိမ်းဆည်းရမိခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်၏ ခလယ်ဒေး စစ်စခန်းကို KNU ၏ စစ်တပ် KNLA တပ်မဟာ ၇၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်းများနှင့် ပူးပေါင်းတပ်များက မတ်လ ၂၂ ရက်နေ့မှ စတင်ပြီး တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ စစ်တပ်က မတ်လ ၂၄ ရက်နေ့တွင် တိုက်လေယာဉ် နှစ်စင်းဖြင့် ပေါင်