ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်စကားပြော
(ထိုင်းနိုင်ငံသည် အမေရိကန်နှင့်လက်တွဲရန် အဆင်သင့်ရှိနေ) ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) က Trump နှင့် တယ်လီဖုန်းဆက် စကားပြောခဲ့ပြီး အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ‘ငါလုပ်နိုင်တာမှန်သမျှ မင်းငါ့ကိုပြောပြပါ’ ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ၀န်ကြီးချုပ် ပေထုန်တန် သည် အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump နှင့် ဖုန်းခေါ်ဆိုခဲ့ကြောင်း ၎င်း၏ရုံးက ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်က ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံး၏ အုပ်ချုပ်ရေးပိုင်းကို အချင်းချင်း ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့သည်။ စက်တင်ဘာလတွင် တက်လာပြီး ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်သည့် မစ္စ ပေထုန်တန်က ၎င်း၏ နိုင်ငံသည်
မြန်မာတစ်ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သည့် ထိုင်းစစ်သားများ အရေးယူမခံရဘဲ လွတ်မြောက်နေ
(ပြစ်မှုကျူးလွန်ခဲ့သူများကို သမာသမတ်ကျ စုံစမ်းစစ်ဆေးအရေးယူရန် Fortify Rights အဖွဲ့ တောင်းဆို) အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား ဦးအောင်ကိုကိုမှာ ယခုနှစ် ၂၀၂၄ ဇန်နဝါရီလ ၁၂ ရက်နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားအနီး ဘန်တိုင်းကျေးရွာတွင် ထိုင်းစစ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ မြန်မာနိုင်ငံသား ဦးအောင်ကိုကိုမှာ ငှက်ဖျားရောဂါအခံကြောင့် မြဝတီဘက်၌ ဆေးခန်းသွားပြပြီး မဲဆောက်သို့ပြန်လာချိန်တွင် ထိုင်းနယ်ခြားစောင့်လုံခြုံရေးဂိတ်မှ ထိုင်းစစ်သားများက ခေါ်ယူထိန်းသိမ်းပြီး ရိုက်နှက်စစ်ဆေးရာမှ လက်လွန်သေဆုံးသွားခဲ့ရသည်။ ထိုင်းစစ်သားသုံးဦးက ဦးအောင်ကိုကိုအား သစ်သားတုတ်ရှည်ဖြင့် ပြင်းထန်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး သေဆုံးသူ၏ခန္ဓာကိုယ်တွင် ပြင်းထန်သော ပွန်းပဲ့ဒဏ်ရာများ ရရှိသွားခြင်းဖြစ်သည်။ သွေးထွက်သံယိုဖြစ်နေပြီး နဖူး၊ ပါးရိုးတစ်ဝိုက်နှင့် နှာခေါင်းတို့တွင်
ထိုင်းတွင် ကလေးငယ်များ အပါအဝင် မြန်မာ ၉ ဦးကို ပွဲစားက တောထဲ စွန့်ပစ်ထား
မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည် ကလေးငယ်များ အပါအဝင် မြန်မာနိုင်ငံသား ၉ဦးကို ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်တွင် ပွဲစားများက စွန့်ပစ်ခဲ့ကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းမှာ ဖော်ပြသည်။ မြန်မာနိုင်ငံသား ၉ဦးမှာ ရနောင်းခရိုင်၊ ကပွေးမြို့နယ်၊ ဘန့်နားအုပ်စု ဘန့်ထောင်းလန်ကျေးရွာအနီး၊ တောင်ခြေတောထဲမှာ နိုဝင်ဘာ ၅ ရက်က လုံခြုံရေးအခြေအနေများကြောင့် ရှေ့ဆက်မသွားနိုင်ဘဲ ပွဲစားများက စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကျေးရွာသားများ၏ သတင်းပေးလာမှုကြောင့် သက်ဆိုင်ရာ နယ်မြေခံရဲ၊ ရွာသူကြီး၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့များနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းစစ်တပ် အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ ထိပ်ဆသရီ စစ်ကြောင်းမှူးက သတင်းထောက်များကို ပြောဆိုသည်။ ယင်းအထဲမှာ အမျိုးသား တစ်ဦး၊
ရေကြီးခဲ့သည့် ချင်းမိုင်မြို့ကို လာမည့်လတွင် ခရီးသွားနိုင်ပြီဟုဆို
( ရေကြီး၍ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းခြေ ဘတ်ငွေ ၅ ဘီလီယံခန့်ရှိ) ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရေကြီးမှုကြောင့် ပျက်စီးသွားသော ခရီးသွားနေရာများနှင့် အခြားနေရာများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။ ချင်းမိုင်မြို့သည် ရာသီအကူးအပြောင်းကာလဖြစ်သည့် နိုဝင်ဘာလတွင် ခရီးသွားများကို ကြိုဆိုရန် အဆင်သင့်ဖြစ်နေကြောင်း လက်ထောက်အုပ်ချုပ်ရေးမှူး Tosapol Phuanudom က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မြောက်ပိုင်းခရိုင်များဖြစ်သည့် ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ လမ်ပူနှင့် လပူန်တို့တွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးရန် ဖွဲ့စည်းထားသည့် အစိုးရ-ပုဂ္ဂလိကကဏ္ဍအဖွဲ့ အစည်းအဝေးအပြီးတွင် ၎င်းက ကတိပြုခဲ့သည်။ ချင်းမိုင်တွင် ရေကြီးရေလျှံပြီးနောက် ကြီးမားသော ရှင်းလင်းရေး ကြိုးပမ်းမှု ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ နေအိမ်များ၊ ကျောင်းများ၊ ဟိုတယ်များ၊ စက်ရုံများ၊
ကျောင်းကားမီးလောင်၍ သေဆုံးခဲ့ရသည့် ကလေးငယ်များ၏ ဈာပန ဆုတောင်းပွဲ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်မှာ လေ့လာရေးခရီးထွက်လာသော ကျောင်းကားတစ်စီး အောက်တိုဘာလ ၁ ရက် နေ့လယ်ပိုင်းတွင် ကားဘီးပေါက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။ ကျောင်းကားမီးလောင်မှုကြောင့် ၄၄ ဦးလိုက်ပါလာသော အထဲက ကျောင်းသား/သူ ၂၀ ဦးနှင့် ဆရာမ ၃ ဦးမှာ မီးလောင်သေဆုံးခဲ့ရပြီး ကလေးငယ်များမှာ အသက် ၅ နှစ်အရွယ်မှ ၁၄ နှစ်အရွယ်များ ဖြစ်ကြသည်။ ယနေ့ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် ရုပ်အလောင်းများ ရောက်ရှိလာပြီး ကလေးငယ်များ၏ ကျောင်းဖြစ်သော ပထုံဌာနီခရိုင် Wat Khao Phra Sangkharam ကျောင်းမှာ ဈာပန ဆုတောင်းပွဲ အခမ်းအနား ပြုလုပ်နေကြသည်။ ကျောင်းဝန်းထဲမှာ ဝမ်းနည်းမှုများနှင့်
ထိုင်းမှာ လေ့လာရေးခရီးထွက်လာသော ကျောင်းကား မီးလောင်၍ ၂၅ ဦးသေဆုံး
ထိုင်းနိုင်ငံမှာ လေ့လာရေးခရီးထွက်လာသော ကျောင်းသား ၃၈ ဦးနှင့် ဆရာ/ဆရာမ ၆ ဦး လိုက်ပါ စီးနင်းလာသည့် ကျောင်းကားတစ်စီး ဘန်ကောက်မြို့နှင့် ပသုမ်သနီမြို့အစပ် လမ်းတွင် ကားဘီးပေါက်ရာမှ မီးလောင်မှုဖြစ်ပွားပြီး ၂၅ ဦးသေဆုံးခဲ့ရသည်။ သေဆုံးသူများတွင် ကျောင်းသား၊ ကျောင်းသူများ ၂၂ ဦးနှင့် ဆရာ/ဆရာမ ၃ ဦးသေဆုံးခဲ့ရပြီး ပသုမ်သနီမြို့ရှိ ကျောင်းတစ်ကျောင်းမှ ခရီးထွက်လာခြင်းဖြစ်ကြောင်း သိရသည်။ ကားဘီးပေါက်ပြီး ဘေးနံရံများ တိုက်မိကာ မီးလောင်ခဲ့ကြောင်းနှင့် ထွက်ပြေးရန် ကြိုးစားသော်လည်း ကားတံခါးများ ဖွင့်ရေး ခက်ခဲကာ ၁၉ ဦးသာ လွတ်မြောက်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ၊ သေဆုံးသူများ ရှိခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူများအားလုံးကို ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေကြောင်း ထိုင်းရဲတပ်ဖွဲ့က
တရုတ် ရေငုတ်သင်္ဘော ဝယ်ယူရန် ထိုင်းရေတပ် စီစဉ်
အသစ်ခန့်အပ်ထားသော ထိုင်းရေတပ်အကြီးအကဲ Adm Jirapol Wongwit က ရေငုပ်သင်္ဘောဝယ်ယူရေး ပရောဂျက်ကို တရုတ်နိုင်ငံနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောသည်။ ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်တွင် ထိုင်းရေတပ်ဦးစီးချုပ်က သဘောထားပေးခဲ့ပြီး အစီအစဉ်အား ရှင်းပြရန် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးကို တွေ့ဆုံမည်ဟု သိရသည်။ ရေငုပ်သင်္ဘော အစီအစဥ်သည် ရေတပ်၏ စွမ်းဆောင်ရည်တည်ဆောက်ရေး မဟာဗျူဟာ၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ရေငုပ်သင်္ဘောအစီအစဉ်သည် ရေကြောင်းလုံခြုံရေးကို ထိန်းသိမ်းရာတွင် မည်ကဲ့သို့အရေးကြီးကြောင်း နှစ်ဖက်စလုံး နားလည်ကြောင်း သေချာစေရန် အောက်လွှတ်တော် အစီအမံများမတိုင်မီ ရေတပ်သည် အဆိုပါစီမံချက်ကို ခုခံကာကွယ်ရန် ပြင်ဆင်ထားပြီးဖြစ်သည်”
ထိုင်းမှာ လိင်တူလက်ထပ်နိုင်သည့် ဥပဒေ အတည်ပြု
ထိုင်းနိုင်ငံတွင် လိင်တူ လက်ထပ်နိုင်သည့် ဥပဒေကို ဘုရင်က အတည်ပြုလိုက်ပြီဟု တော်ဝင်ဂေဇက်က ထုတ်ပြန်ကြောင်း ဘန်ကေက်ပို့စ်သတင်းက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့က ထိုင်းတော်ဝင်ဂေဇက်မှ ထုတ်ပြန်ပြီးနောက် ရက်ပေါင်း ၁၂၀ အကြာမှာ အသက်ဝင်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့တွင် စတင် လိင်တူလက်ထပ်နိုင်မည်ဖြစ်သည်။ Bangkok Pride တည်ထောင်သူ Waaddao Anne Chumaporn က “ဒီဥပဒေဟာ ထိုင်းနိုင်ငံရဲ့ တန်းတူညီမျှအခွင့်အရေးအတွက် ကြီးမားတဲ့ခြေလှမ်းတစ်ခုပါ” ဟု ပြောသည်။ စတင် လိင်တူလက်ထပ်နိုင်မည့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် LGBTQ စုံတွဲ တစ်ထောင်ကျော်အတွက် အစုလိုက်အပြုံလိုက် မင်္ဂလာပွဲကို
ဘန်ကောက်တွင် ပထမ ၆ လအတွင်း ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၆၃၈ ခန်း မြန်မာနိုင်ငံသားများက စံချိန်တင်ဝယ်ယူခဲ့
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း မြန်မာနိုင်ငံသားများက ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလီယံတန်ဖိုးရှိ ကွန်ဒို အခန်းပေါင်း ၆၃၈ ခန်း စံချိန်တင်ဝယ်ယူခဲ့ကြကြောင်း ဘန်ကောက်ပို့စ်က ယနေ့ သတင်းဖော်ပြသည်။ ယခု ၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုသည် ယခင်နှစ်ထက် ပိုမို စံချိန်တင် များပြားလာခဲ့ခြင်း ဖြစ်ပြီး ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလီယံ တန်ဖိုးရှိ ကွန်ဒိုအခန်း ၆၃၈ ခန်းကို ဝယ်ယူ လွှဲပြောင်းရယူခဲ့ကြကြောင်း ထိုင်းနိုင်ငံ၊ အိမ်ခြံမြေသတင်းအချက်အလတ်ဌာန (REIC) ၏ အစီရင်ခံစာတွင်
ရေဘေးကြောင့် လွတ်နိုင်၍ ထိုင်းနိုင်ငံတွင် မွေးထားသည့် မီးကျောင်းများကို သတ်ရန်ဆုံးဖြတ်
ထိုင်းနိုင်ငံ မြောက်ပိုင်း ရေကြီးနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ပြီးနောက် လမ်ပူခရိုင်မှာ မွေးမြူထားသော မိကျောင်းများကို သတ်ရန် မွေးမြူရေးပိုင်ရှင်က ဆုံးဖြတ်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မီးကျောင်းများ လွတ်မြောက်သွားနိုင်ပြီး ဒေသခံပြည်သူများအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး မသတ်ချင်သော်လည်း အမျိုးအကျိုးအတွက် သတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မွေးမြူရေးပိုင်ရှင်က ဆိုသည်။ ” ရက်စက်လို့ သတ်ဖြတ်တာမဟုတ်ဘဲ ရေဘေးကြောင့် သူတို့ လွတ်မြောက်သွားရင် လူတွေကို ထိခိုက်နိုင်တဲ့အတွက် သတ်ဖို့ ဆုံးဖြတ်ချက်ချတာကို ရက်စက်စွာ သတ်ဖြတ်တယ်ဆိုတဲ့ စကားလုံးကို မသုံးဖို့ မေတ္တာရပ်ခံပါတယ် ” ဟု ပြောသည်။ လက်ရှိတွင် မီးကျောင်းမွေးမြူရေးခြံ နံရံသည် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားပြီး ဆက်လက် မိုးသည်းထန်ပါက တံတိုင်းကျိုးသွားနိုင်ကာ