စစ်တွေက မွတ်ဆလင်ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား၍ ဒုက္ခသည် ၂၁၀၀ ကျော် မီးဘေးသင့်
စစ်ကောင်စီ ထိန်းချုပ်ထားသည့် စစ်တွေမြို့နယ် ခေါင်းဒုက္ကာကျေးရွာရှိ မွတ်ဆလင်ဒုက္ခသည်စခန်းမှာ မတ်လ ၁ ရက်နေ့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၁၄၉ ဦး မီးဘေးသင့်ခဲ့ရသည်ဟု စစ်ကောင်စီ ဝါဒဖြန့်သတင်းစာ မြန်မာ့အလင်းက ယနေ့ မတ်လ ၃ ရက်တွင် ဖော်ပြသည်။ နံနက် ၂ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်က ရေသယ်ယာဉ်ဖြင့်ပါ ပြည်နယ်မီးသတ်တပ်ဖွဲ့နှင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရသည်ဟု စစ်ကောင်စီက ဆိုသည်။ မီးစတင်လောင်ရခြင်း အကြောင်းအရင်း အသေးစိတ်ကို စစ်ကောင်စီက ထုတ်ဖော်ခြင်းမရှိကြောင်းနှင့် Western News က ဒုက္ခသည်စခန်းအား ဆက်သွယ်သော်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရ၍ အသေးစိတ်ကို မသိရသေးပေ။ ကယ်ဆယ်ရေးစခန်းက အဆောင်