ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP စစ်တွေကနေ ဆုတ်ခွာတော့မည်ဟု သတင်းများထွက်ပေါ်
ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့ပေးနေသော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရခိုင်ပြည် စစ်တွေမြို့ကနေ ဆုတ်ခွာတော့မည်ဟု ဒုက္ခသည်များကြားတွင် သတင်းထွက်ပေါ်နေကြောင်း သိရသည်။ ဘေးဒုက္ခကျရောက်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နေသော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP သည် ဒုက္ခသည်များအား ရိက္ခာ နှစ်လစာပေးအပ်ပြီး စစ်တွေမြို့ကနေ ဆုတ်ခွာတော့မည်ဟု စစ်တွေက စစ်ဘေးရှောင်ဒုက္ခသည်များအား ကူညီပေးနေသူများက ပြောဆိုကြသည်။ “မနေ့က နေ့လယ်ပိုင်းမှာ WFP က ဝန်ထမ်းတွေလာပြီးတော့ ဒုက္ခသည်တွေကို လာပြောပါတယ်။ WFP အဖွဲ့ဟာ စစ်တွေကနေ သွားတော့မယ်။ ဒုက္ခသည်တွေကို စားနပ်ရိက္ခာ ၂ လစာလောက် ထောက်ပံ့ပေးပြီးတော့ ဆုတ်တော့မယ်လို့ ပြောခဲ့ပါတယ်။ ဝန်ထမ်းတချို့တောင် အလုပ်က ထွက်ရတော့မယ်လို့ ပြောခဲ့ပါတယ်။ ဘာကြောင့်ဆိုတာမျိုးကိုတော့ အသေးစိတ် မပြောခဲ့ဘူး။
AA ကို တိုက်ခိုက်ရန် မွတ်ဆလင်ဒုက္ခသည်များအား ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေးက အထူး စစ်သင်တန်း ပေးနေ
အာရက္ခတပ်တော် AA ကို တန်ပြန်ခိုက်ရန် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကော့ဘဇားရှိ ကုတူပလောင်ဒေသတွင် နေထိုင်သည့် မွတ်ဆလင်ဒုက္ခသည်များကို ပြောက်ကျား စစ်ဆင်ရေး သင်တန်းကို စတင်ပေးနေသည်။ ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် (DGFI) သည် မွတ်ဆလင် ဒုက္ခသည်များအတွက် “အထူးပြု” ပြောက်ကျား စစ်ဆင်ရေး သင်တန်းကို စတင်ခဲ့ကြောင်း အိန္ဒိယသတင်းဌာန Northeast News တွင် ဇန်နဝါရီလ ၃၀ ရက်နေ့က ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ (DGFI) နှင့် ကော့ဘဇားခရိုင်ခွဲ Ukhia ခရိုင်ခွဲရှိ 1W ဒုက္ခသည်စခန်းတွင် လက်နက်များအသုံးပြုခြင်းနှင့် ထောက်လှမ်းရေး
အမေရိကန်အကူအညီဖြင့် ဒုက္ခသည်များအား ဆေးကုပေးနေသော ထိုင်းက ဆေးရုံဆေးခန်းများ ပိတ်သိမ်းခံရ
အမေရိကန်ထောက်ပံ့မှုများဖြင့် လည်ပတ်နေသော မြန်မာဒုက္ခသည် သောင်းနှင့်ချီကို ဆေးကုပေးနေသည့် ထိုင်းနိုင်ငံအတွင်းက ဆေးရုံဆေးခန်းများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။ သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့၏ ရက် ၉၀ မူဝါဒကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်သောင်းနှင့်ချီကို ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ရပ်နားခံလိုက်ရခြင်းဖြစ်သည်။ ထိုင်းတာဝန်ရှိသူများသည် အမေရိကန်အကူအညီဖြင့် လည်ပတ်နေသော နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) ၏ ဆေးရုံဆေးခန်းများသို့ ရောက်ရှိလာပြီး ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အပြီးပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ IRC ကို မီဒီယာများက မှတ်ချက်ပေးရန် မေးမြန်းရာတွင် ပြန်လည်တုန့်ပြန်ခြင်းမရှိပေ။ ဒေါ်နယ်ထရမ့် သည် ၎င်း၏ “America First”