ရခိုင်ပင်လယ်ပြင်မှာ တရားမဝင် ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို AA က ဖမ်းဆီး
ရခိုင် ရေပိုင်နက်ဖြစ်သည့် မောင်တောမြို့အနီးက နတ်မြစ်မှာ တရားမဝင် ဝင်ရောက်ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉ ဦးကို အာရက္ခတပ်တော် AA က ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ တရားမဝင် ဝင်ရောက် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို စက်လှေ ၄ စီးနှင့်အတူ AA က ဖမ်းဆီးသွားခြင်းဖြစ်သည်။ မောင်တောမြို့အနီးက နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထက်ဝက်ပိုင်သလို ရခိုင်ကလည်း ထက်ဝက်ပိုင်ဆိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ရခိုင်ပိုက်နက်သို့ ကျူးကျော်ဝင်ရောက် ငါးဖမ်းခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်းများနှင့်
ရန်ကုန်မှ ကုန်တင်သင်္ဘောများကို AA က ခေါ်ယူစစ်ဆေးမှုကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေကြောင်းကုန်သွယ်ရေး ရပ်တန့်ဟု ဘင်္ဂလားဒေ့ရှ်ဘက်ကပြော
ပြီးခဲ့သည့် သီတင်းနှစ်ပတ်က စစ်ကောင်စီ ထိန်းချုပ်သည့် ရန်ကုန်မြို့မှ ထွက်လာသော ကုန်သွယ်ရေးသင်္ဘော ၃ စီးကို အာရက္ခတပ်တော် AA က ခေါ်ယူစစ်ဆေးမှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးမှာ ရပ်တန့်သွားကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ် တက္ကနာ့ပ်ဆိပ်ကမ်းသို့ ကုန်သွယ်ရန် ရန်ကုန်ဆိပ်ကမ်းမှ ထွက်လာသော ကုန်တင်သင်္ဘော ၃ စီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အာရက္ခတပ်တော် AA ထိန်းချုပ်သည့် မောင်တောဒေသ ရခိုင့်ပင်လယ်ပြင်မှ ဖြတ်သန်းသွားစဉ် အဆိုပါ သင်္ဘောများကို AA က ခေါ်ယူစစ်ဆေးခဲ့သည်။ ယင်းအထဲမှ သင်္ဘောနှစ်စီးကို ဇန်နဝါရီလ ၂၀ ရက်တွင် အာရက္ခတပ်တော် AA က ပြန်လည်လွှတ်ပေးခဲ့ကြောင်း တက္ကနာ့ပ်ဆိပ်ကမ်း အာဏာသိမ်းများက