မောင်တော နခခ ၅ ကို မသိမ်းနိုင်သည့် အကြောင်းအရင်း
တကျော့ပြန် ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်းမှာ မောင်တောမြို့သိမ်းတိုက်ပွဲက လနှင့်ချီကြာမြင့်လာကြောင်း သိရသည်။ မောင်တောမြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလ ၁၆ ရက်နေ့ကတည်းက တောင်ပြိုမြို့ကတစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်လာသည်မှာ လက်ရှိတွင် မောင်တောမြို့ထဲသို့ ရောက်ရှိလာဖြစ်ပြီဖြစ်သည်။ မောင်တောမြို့နှင့်ကပ်လျှက်ရှိသည့် စစ်ကောင်စီ၏ မြို့စောင့်တပ်စခန်းဖြစ်သော နယ်ခြားစောင့်တပ်စခန်း နခခ ၅ ကလွဲပြီး ကျန် တပ်ရင်းတပ်ဖွဲ့များနှင့် စစ်စခန်းများအားလုံးကို AA က သိမ်းပိုက်ထားပြီလည်းဖြစ်သည်။ နယ်ခြားစောင့်တပ်စခန်း နခခ ၅ ကို သိမ်းပိုက်ရရှိပါက မောင်တောဒေသတစ်ခုလုံးကို အာရက္ခတပ်တော် AA က ထိန်းချုပ်နိုင်ပြီး ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို AA က ကိုင်တွယ်စီမံခွင့် ရရှိမည်ဖြစ်သည်။ နခခ ၅ ကို မသိမ်းနိုင်ရသည့်