နယ်စပ်ပြဿနာဖြေရှင်းရန် မြန်မာကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း
စီးပွားရေး သတင်း
1 min read
0

နယ်စပ်ပြဿနာဖြေရှင်းရန် မြန်မာကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

ဒီဇင်ဘာ ၂၃ - ၂၀၂၄
0

လက်ရှိဖြစ်ပေါ်နေသော နယ်စပ်နှင့် ရခိုင်ပြဿနာများကို ဖြေရှင်းရန် မြန်မာကို ဘင်္ဂလားဒေ့ရှ်က တောင်းဆိုထားပြီး နယ်စပ်ထိန်းချုပ်မှုအပေါ် အာရက္ခတပ်တော် AA ကဲ့သို့သော အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောကြားထားသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလ ၁၉ ရက် ကြာသပတေးနေ့က ကျင်းပသည့် အလွတ်သဘော ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို သဝဏ်လွှာပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ အလွတ်သဘောဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် အခြားနိုင်ငံများမှ အကြီးတန်းကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ “ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ဒေသဟာ မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးဆိုတာကို ကျနော်တို့

Continue Reading
နယ်စပ်တွင် UWSA နှင့် တင်းမာမှုမရှိဟု ထိုင်းစစ်တပ် ပြော
စစ်ရေး သတင်း
1 min read
0

နယ်စပ်တွင် UWSA နှင့် တင်းမာမှုမရှိဟု ထိုင်းစစ်တပ် ပြော

နိုဝင်ဘာ ၂၈ - ၂၀၂၄
0

(UWSA နှင့် တိုက်ရိုက်ဆောင်ရွက်ရန် မြန်မာစစ်တပ်က အကြံပြု) ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် ထိုင်းစစ်တပ်နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အကြား တင်းမာမှုများဖြစ်ပွားနေသည့် သတင်းများကို ထိုင်းစစ်တပ်က ပယ်ချလိုက်သည်။ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Thirat Sombatsiri က လူမှုမီဒီယာတွင် ပျံ့နှံ့နေသည့် နယ်စပ်တွင်စစ်ရေးတင်းမာမှု ပြောဆိုချက်များကို ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပယ်ချခဲ့သည်။ “နယ်စပ်ဒေသ တစ်ခုလုံး အခြေအနေက ပုံမှန်ပါပဲ၊ မီဒီယာက ဖော်ပြတဲ့အတိုင်း နယ်စပ်တလျှောက် ပဋိပက္ခဖြစ်ပွားတယ်ဆိုတာမျိုး အတည်ပြုချက် မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။ နယ်စပ်မြေပြင် အသေးစိတ်အချက်အလက်များနှင့် အခြေအနေများကို တင်ပြရန် မြေပြင်တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ထိုင်းစစ်တပ်

Continue Reading