ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး တွေ့ဆုံမှု ရခိုင်အရေး ထည့်ပြော
ဘင်္ဂလားဒေ့ရှ် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး Joel Vowell သည် ဘင်္ဂလားဒေ့ရှ်ကို မတ်လ ၂၄ ရက်နေ့က ရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် တွေ့ဆုံရာတွင် ရခိုင့်အရေးကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီးသည် ဘင်္ဂလားဒေ့ရှ်ကို နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာပြီး ဒါကာမြို့တွင် ဘင်္ဂလားဒေ့ရှ်တပ်က အရာရှိများနှင့် တွေ့ဆုံကာ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ကူညီပေးမည်ဟု ပြောဆိုသွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ်အရေးကို ဆွေးနွေးခဲ့သလို နယ်စပ်လုံခြုံရေးကို အဓိက ထားဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများက ဖော်ပြကြသည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသည့်အတွက် AA ၏ စစ်ရေးအခြေအနေများကိုလည်း