စစ်ကောင်စီတပ်သားများ ထွက်ခွာသွား၍ ကန်ပက်လက်မြို့ကို ချင်းညီနောင်တပ်ဖွဲ့များ ထိန်းချုပ်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီတပ်သားများ ထွက်ခွာသွား၍ ကန်ပက်လက်မြို့ကို ချင်းညီနောင်တပ်ဖွဲ့များ ထိန်းချုပ်

ဒီဇင်ဘာ ၂၃ - ၂၀၂၄
0

ချင်းပြည်နယ် ကန်ပက်လက်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဒီဇင်ဘာလ ၂၁ ရက် ညက ထွက်ပြေးသွား၍ ချင်းညီနောင်တပ်ဖွဲ့များမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ကစ၍ မြို့အား ထိန်းချုပ်သိမ်းပိုက်ထားကြောင်း သိရသည်။ ကန်ပက်လက်မြို့ကို ဝင်သိမ်းရန် ပြင်ဆင်နေချိန်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ပြေးသွားကြောင်းနှင့် ၎င်းတို့ကို လိုက်လံရှာဖွေရှင်းလင်းနေကြောင်း ချင်းညီနောင်တာဝန်ရှိသူက ပြောဆိုထားသည်။ ကန်ပက်လက်မြို့ကို ထိန်းချုပ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဖမ်းထားသော နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကန်ပက်လက်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်လင်းက ပြောသည်။ “၂ ဦးကတော့ တော်လှန်ရေးနဲ့ပတ်သက်တာတွေ လုပ်တဲ့အတွက်ကြောင့်။ ၁ ဦးကတော့ လမ်းမှာ စစ်ကြောင်းနဲ့တိုးလို့ အဖမ်းခံရတာ။ အဖမ်းခံရပြီး နှိပ်စက်တာတွေ။ လက်သည်းအခွံခွာ သံကို မီးပူ တိုက်ပြီးတော့မှ

Continue Reading