ရခိုင်ပြည် သူ့ကျွန်ဘဝ သက်ဆိုးရှည်အောင် ALP လုပ်နေဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြော
နိုင်ငံရေး
1 min read
259

ရခိုင်ပြည် သူ့ကျွန်ဘဝ သက်ဆိုးရှည်အောင် ALP လုပ်နေဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြော

June 20, 2024
0

ရခိုင်ပြည်နှင့် ရခိုင်ပြည်သူလူထု စစ်အာဏာရှင်အောက်တွင် သက်ဆိုးရှည်စေရန်နှင့် သူတပါးလက်အောက်မှ မလွတ်မြောက်စေရန် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က လုပ်ဆောင်နေကြောင်း ရခိုင့်နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။ စစ်ကောင်စီ ထိန်းချုပ်ထားသော မောင်တောမြို့ကို အာရက္ခတပ်တော် AA က သိမ်းမည်ဖြစ်၍ မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ဟု AA ကြေညာချက်ကို ဒေါ်စောမြရာဇာလင်း ALP က ကန့်ကွက်နေသည်။ ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်သော ဒေါ်စောမြရာဇာလင်း ALP ထုတ်ပြန်ချက်တစ်ခုတွင် မောင်တောမြို့တွင်း၌ တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေကြသည်များကို များစွာစိတ်မချမ်းမသာ ဖြစ်ရသည်ဟု ပြောဆိုထားသည်။ မြို့သိမ်းတိုက်ပွဲများဒဏ်ကြောင့် ရခိုင်ပြည်သူများမှာ ယခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ မိုးရာသီကာလအတွင်း နေထိုင်စရာမရှိ၊ စားသောက်စရာမရှိသော အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု

Continue Reading