နိုင်ငံ့ဝန်ထမ်း နိုင်ငံတော်အပေါ် သစ္စာရှိနေဖို့ လိုအပ်ကြောင်း ရခိုင်ဝန်ကြီးချုပ် ဦးထိန်လင်းပြော
ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းသည် စစ်တွေမြို့အတွင်း တာဝန်ထမ်းဆောင်လျက်ရှိနေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံကာ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အပေါ် သစ္စာရှိနေဖို့ လိုအပ်ကြောင်း ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၁၄ ရက်တွင် စစ်တွေမြို့ရှိ ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများနှင့် ပြည်နယ်သာသနာရေး ဦးစီးဌာနဝန်ထမ်းများအား သွားရောက်တွေ့ဆုံရာတွင် ဦးထိန်လင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဌာနများက တင်ပြချက်ကို ပြန်လည်ဆွေးနွေးပြီး နိုင်ငံ့ဝန်ထမ်းသည် နိုင်ငံတော်အပေါ် သစ္စာရှိနေဖို့လိုအပ်ကြောင်း ရင်းနှီးနွေးထွေးစွာရှင်းလင်းပြောကြားခဲ့သည်” ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ထုတ်ပြန်ထားသည်။ ယင်းအပြင် ဦးထိန်လင်းနှင့် ပြည်နယ်ဝန်ကြီးအဖွဲ့တို့သည် စစ်တွေမြို့ရှိ ကုလားတန်ဖွံ့ဖြိုးရေး စီမံကိန်းဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်နေသော ကမ်းရိုးတန်းသွားသင်္ဘောများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ပြည်နယ်စစ်ကောင်စီ၏ အပတ်စဉ်ရုံးများသို့