ပုဏ္ဏားကျွန်းဒေသမှာ သောက်သုံးရေ စတင်ရှားပါးလာ
ရခိုင်ပြည် ပုဏ္ဏားကျွန်းဒေသမှာ သောက်သုံးရေကန်များ ခမ်းခြောက်လာ၍ ရေစတင်ရှားပါးလာသည်ဟု ဒေသခံများထံမှ သိရသည်။ ပုဏ္ဏားကျွန်းဒေသသည် နှစ်စဉ်လိုလို ရေရှားပါးလေ့ရှိပြီး လက်ရှိ နွေရာသီဘက် ကူးပြောင်းလာ၍ ကျေးရွာအချို့မှ ကန်များမှာ ရေခမ်းခြောက်လာနေပြီဟု ဒေသခံများက ပြောသည်။ ပုဏ္ဏားကျွန်း-ကျောက်တော် ကားလမ်းဘေးရှိ ယိုးငူ၊ သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာ၊ ကျင်တလင်းကျေးရွာတို့အပါအဝင် ရွာပေါင်း ၅၀ ခန့်မှာ နှစ်စဉ် ရေရှားလေ့ရှိကြောင်း သိရသည်။ “တချို့ကျေးရွာက တစ်လလောက်ပဲ လုံလောက်တော့တယ်။ တချို့ရွာကျတော့လည်း ၂ လကျော်လောက်ပေါ့။ ၃ လလောက်ပဲ သောက်သုံးလို့ ရမယ့် ရွာတွေလည်းရှိတယ်။ အများစုက ရေကန်တွေမှာ ရေတွေ ခမ်းခြောက်လာပါပြီ” ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက
ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းနား
နှစ်ပေါင်း ၂၄၀ မြောက်ဖြစ်သည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ အထိမ်းအမှတ်အဖြစ် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး PYA က ကြီးမှူးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားကို ULA/AA အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရခိုင်တိုင်းရင်းသား၊ ရခိုင်လူငယ်တိုင်းသည် ဒီဇင်ဘာလ ၃၁ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ဆိုသည်ကို မမေ့စေရန်နှင့် သမိုင်းအမှန်အား သိရှိစေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု PYA က ပြောဆိုထားသည်။