AA ထိုးစစ်ရှိနေသည့် ဧရာဝတီ သာပေါင်းမြို့က မြို့မရဲစခန်းမှူး စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံး
စစ်ရေး သတင်း
1 min read
0

AA ထိုးစစ်ရှိနေသည့် ဧရာဝတီ သာပေါင်းမြို့က မြို့မရဲစခန်းမှူး စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံး

ဇန်နဝါရီ ၂၉ - ၂၀၂၅
1

အာရက္ခတပ်တော် AA ထိုးစစ်များရှိနေသော ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်တွင် စစ်ကောင်စီ၏ မြို့မစခန်းမှူး ရဲမှူးဝင်နိုင်ဦးမှာ စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ပုသိမ်းသတင်းအထူးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။ “ကျားခေါင်းသို့ ပရဟိတကားနဲ့ ရိက္ခာပို့သွားရောက်စဉ် Sniper ဖြင့် ပစ်ခတ်ခံရပြီး လည်ပင်းထိဒဏ်ရာနဲ့ သေဆုံးသွားတယ်။ Dead Body ကို သူ့ရဲ့ဇာတိ လက်ပံကွင်းသို့ ပြန်လည်သယ်ယူလာခဲ့ကြတယ်” ဟု ပြောသည်။ Sniper ကျည်ပစ်ခတ်စဉ် စခန်းမှူးသေဆုံးမှုကြောင့် ဘေးတွင်ရှိနေသည့် ပရဟိတကားသမား လန့်ပြီးသတိလစ်သွားကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့က ဆိုသည်။ “အဆိုပါဖြစ်စဉ်ကြောင့် ရခ/နယ်ထိန်များ ကိုယ်လွတ်ရုံးပြေးကြကာ ထိုအထဲတွင် “ငါသေမှ

Continue Reading
ပုသိမ်ခရိုင်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီ နှင်ထုတ်နေ
စစ်ရေး သတင်း
0 min read
0

ပုသိမ်ခရိုင်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီ နှင်ထုတ်နေ

ဒီဇင်ဘာ ၁၆ - ၂၀၂၄
0

ဧရာဝတီတိုင်းဒေသ ပုသိမ်ခရိုင်အတွင်း အိုးအိမ်စွန့်ခွာ ခိုလှုံနေကြသော ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင်များကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များက နှင်ထုတ်နေကြောင်း စုံစမ်းသိရသည်။ ပုသိမ်ခရိုင်ရှိ ရွှေသောင်ယံ၊ ချောင်းသာ စသည့် ဒေသများက စစ်ရှောင်ရခိုင်ပြည်သူများကို တစ်ပတ်အတွင်း ပြောင်းရွှေ့ရမည်ဟု ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရသည်။ အမည်မဖော်လိုသည့် ဂွမြို့ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ” အခုလ ၁၄ ရက်နေ့က ရခိုင်တွေအကုန် တစ်ပတ်အတွင်း ပြောင်းပေးရမယ်လို့ပြောတယ်။ အခုလက်ရှိ နေနေတဲ့ နေရာတွေကပေါ့။ ဒါပေမယ့် ရခိုင်ဘက်ကိုတော့သွားလို့မရဘူး။ သွားရင်တာဝန်မယူဘူးဆိုပြီးပြောတယ်။ နောက် ဒီနေ့ (ဒီဇင်ဘာ ၁၆ ရက်) မှာတော့ မသွားချင်တဲ့သူတွေနေလို့ ရတယ်လို့ပြောတယ်။

Continue Reading