ရိုးတောင်အလွန် AA ၏ ပစ်မှတ်က ပုသိမ်-မုံရွာလမ်းကို ထိန်းချုပ် လိုခြင်းဖြစ်ဟုဆို
စစ်ရေး သတင်း
1 min read
0

ရိုးတောင်အလွန် AA ၏ ပစ်မှတ်က ပုသိမ်-မုံရွာလမ်းကို ထိန်းချုပ် လိုခြင်းဖြစ်ဟုဆို

မတ် ၂၁ - ၂၀၂၅
0

အာရက္ခတပ်တော် AA သည် ဒေသခံပြည်သူ့တော်လှန်ရေးအဖွဲ့များဖြင့် ရခိုင်ပိုင်နက် ရခိုင်ရိုးမတောင်ကို ကျော်လွန်ပြီး မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့က စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ AA သည် ထိုးစစ်ကို ရခိုင်ရိုးမတောင်ပေါ်တွင် ရပ်တန့်ထား၍ ရသော်လည်း အပြင်စည်း လုံအောင် ကာရန်သည့် အနေဖြင့် ရိုးတောင်ကိုကျော်ကာ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ “စစ်သဘောနဲ့ ကြည့်မယ်ဆိုရင် စစ်ကောင်စီက သူတို့ အင်အားချိနည်းပြီး စစ်ရှုံးသွားတယ်ပေါ့နော်။ ဒါပေမယ့် သူတို့နယ်မြေတွေကို သူတို့ကတော့ ပြန်လိုချင်အုံးမှာဆိုတော့ သူ့အနေနဲ့ အင်အားစုဖွဲ့မှု ကောင်းလာရင် ပြန်တိုက်မှာပဲ။ ပြန်တိုက်မယ်ဆိုရင် အခု အာရက္ခတပ်တော် တိုက်နေတဲ့

Continue Reading
ဥသျှစ်ပင်မြို့အနီး စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ
စစ်ရေး သတင်း
1 min read
0

ဥသျှစ်ပင်မြို့အနီး စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ

မတ် ၂၁ - ၂၀၂၅
0

ပဲခူးတိုင်းဒေသ ဥသျှစ်ပင်မြို့အနီးမှာ အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေကြောင်း သိရသည်။ ပန်းတောင်းမြို့နယ် ညောင်ကျိုးတပ်စခန်းအား AA က တိုက်ခိုက်ပြီးနောက် ဥသျှစ်ပင်မြို့အနီးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဥသျှစ်ပင် ဒေသခံတစ်ဦးက “ဒီမနက်ဆိုရင်လည်း ဥသျှစ်ပင်မြို့ပေါ်မှာ လက်နက်ကြီးသံတွေ ကြားနေရတယ်။ အခု တိုက်ပွဲဖြစ်နေတာက ညောင်ကျိုးနဲ့ ညောင်ခြေထောက်အကြားမှာ ဖြစ်နေတာ။ ဥသျှစ်ပင်မြို့ပေါ်ကနေလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်ကူ ပေးနေတယ်။ ညောင်ခြေထောက်ဆိုတာက ဥသျှစ်ပင်နဲ့ ကပ်လျက်ဆိုတော့ တိုက်ပွဲတွေက တဖြည်းဖြည်းကို အရမ်းနီးလာနေပြီ” ဟု ပြောသည်။ ဥသျှစ်ပင်မြို့အနီး ညောင်ခြေထောက်က စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး

Continue Reading
ပဲခူးတိုင်းက စစ်ကောင်စီ ညောင်ကျိုးတပ်စခန်းကို AA သိမ်းလိုက်ပြီဟုဆို
စစ်ရေး သတင်း
1 min read
0

ပဲခူးတိုင်းက စစ်ကောင်စီ ညောင်ကျိုးတပ်စခန်းကို AA သိမ်းလိုက်ပြီဟုဆို

မတ် ၁၄ - ၂၀၂၅
0

နှစ်လ နီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့သော ပဲခူးတိုင်းထဲက အာဏာသိမ်း စစ်ကောင်စီ၏ ညောင်ကျိုးတပ်စခန်းကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။ သတင်းရင်းမြစ်က “မတ်လ ၁၁ ရက်နေ့ ကတည်းက ညောင်းကျိုးစခန်းကနေ စစ်တပ်က စဆုတ်ခွာတာ။ အခုတော့ စခန်းတော့ ရသွားပြီလို့ ကြေးနန်းရတယ်” ဟု ပြောသည်။ ညောင်ကျိုးတပ်စခန်းသည် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်ပြီး ရခိုင်ရိုးမနှင့် ပဲခူးတိုင်းအစပ်တွင်ရှိသည်။ အာရက္ခတပ်တော် AA သည် ရခိုင်ရိုးမပေါ်က စစ်ကောင်စီ၏ မိုးထိတောင်တပ်စခန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တစ်ဆက်တည်းရှိ ပဲခူးတိုင်းထဲက ညောင်ကျိုးတပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ CDM ဗိုလ်ကြီး ဇင်ယော်က

Continue Reading
AA တိုက်နေသည့် ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များမှာ ဥသျှစ်ပင်မြို့သို့ တပ်ဆုတ်
စစ်ရေး သတင်း
1 min read
0

AA တိုက်နေသည့် ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များမှာ ဥသျှစ်ပင်မြို့သို့ တပ်ဆုတ်

မတ် ၁၂ - ၂၀၂၅
1

(ဒဏ်ရာရ စစ်ကောင်စီတပ်သား များပြား၍ ဆေးရုံတွင် ကုတင်မလုံလောက်ဖြစ်နေ) အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဥသျှစ်ပင်မြို့သို့ ဆုတ်ခွာထွက်ပြေးနေကြောင်း သိရသည်။ ဥသျှစ်ပင် သတင်းရင်းမြစ်တစ်ဦးက ” AA ထိုးစစ်က ဥသျှစ်ပင်မြို့ထဲထိတော့ မရောက်သေးဘူး။ ဒါပေမယ့် မြို့နဲ့တော့ တော်တော်နီးနေပြီ။ စစ်ရေးကတော့ ပြင်းထန်နေတယ်။ စစ်ကားတွေ အတက်အဆင်းများတယ်။ တောင်ပေါ်က ဒဏ်ရာရတဲ့ စစ်သားတွေကို ပြန်သယ်ထုတ်နေတယ်။ ထိုးစစ်က ဥသျှစ်ပင်မြို့ဘက်ကို ဦးတည်လာနေပြီ ပြောလို့ရပါတယ်။ တပ်ဘက်ကတော့ လေ ကြောင်းတိုက်ခိုက်မှုရော လက်နက်ကြီးတွေ တစ်လျှောက်လုံး ပစ်ခတ်နေတယ်” ဟု ပြောသည်။ ညောင်ကျိုးတပ်စခန်းသိမ်းတိုက်ပွဲနှင့် ပန်းတောင်းမြို့နယ်အတွင်းက တိုက်ပွဲများမှာ ဇန်နဝါရီလကစ၍ ပိုမိုပြင်းထန်လာပြီး

Continue Reading
မုံရွာက တာဝါတိုင် စခန်းကုန်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းက စစ်ကောင်စီ တပ်စခန်း ၇ ခုကို PDF တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

မုံရွာက တာဝါတိုင် စခန်းကုန်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းက စစ်ကောင်စီ တပ်စခန်း ၇ ခုကို PDF တိုက်ခိုက်

ဖေ‌ဖော်ဝါရီ ၂၇ - ၂၀၂၅
0

ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်ကောင်စီတပ် ဂိတ်စခန်း ၇ ခုနှင့် စစ်တိုင်း မုံရွာမြို့နယ်က ဗောဓိတစ်ထောင် MRTV အသံလွှင့် တာဝါတိုင်စခန်းကုန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် ပဲခူးတိုင်း၊ ကျောက် တံခါးမြို့နယ်၊ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့် စစ်တပ်ဂိတ်စခန်း ၇ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်ချေမှုန်းခဲ့မှုတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်း

Continue Reading
မကွေးနှင့် ပဲခူးက စစ်ကောင်စီ စခန်း ၄ ခုကို AA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်
စစ်ရေး
1 min read
0

မကွေးနှင့် ပဲခူးက စစ်ကောင်စီ စခန်း ၄ ခုကို AA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

ဖေ‌ဖော်ဝါရီ ၁၇ - ၂၀၂၅
0

ရခိုင်ရိုးမနှင့် ထိစပ်နေသော မကွေးတိုင်း၊ ပဲခူးတိုင်းထဲက စစ်ကောင်စီ၏ ကာကင်းစခန်းအပါအဝင် တပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း သိမ်းပိုက်လိုက်ကြောင်း သိရသည်။ မကွေးတိုင်း ငဖဲမြို့နယ်ထဲက စစ်ကောင်စီ၏ မထုံးစခန်း၊ အထက်တုံးကြီးနှင့် အောက်တုံးကြီး စခန်းတို့ကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်တွင် သိမ်းပိုက်ခဲ့ကြောင်း အမ်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မကွေးတိုင်း ပဒါန်း-အမ်း လမ်းမှာရှိတဲ့ မထုံး၊ အထက်တုံးကြီး၊ အောက်တုံးကြီး စတဲ့ တပ်စခန်း ၃ ခုကို AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၆ ရက်မှာ တစ်ပြိုင်တည်း

Continue Reading
ရခိုင်ရိုးမတောင်တန်းနှင့် ထိစပ်နေသည့် ဧရာဝတီ၊ ပဲခူး၊ မကွေးက စစ်ကောင်စီစစ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

ရခိုင်ရိုးမတောင်တန်းနှင့် ထိစပ်နေသည့် ဧရာဝတီ၊ ပဲခူး၊ မကွေးက စစ်ကောင်စီစစ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ

ဇန်နဝါရီ ၂၁ - ၂၀၂၅
0

(ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေဟု AA ပြော) Western News| ဇန်နဝါရီ ၂၁ ရခိုင်နှင့် ဧရာဝတီတိုင်း အစပ် နေရာအချို့၊ ပွိိုင့် ၃၆၉ ကုန်းနှင့် ရေကြည်မြို့နယ် ချင်းစုကျေးရွာအနီးတွင် စစ်ကောင်စီတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော် AA ပြောသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ရခိုင်ပြည်အတွင်း စစ်ရေးသတင်းထုတ်ပြန်ရာတွင် ရခိုင်နှင့်ထိစပ်နေသော နေရာများက အခြေအနေများကိုလည်း AA က ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။ ရခိုင်နယ်နမိတ် ရိုးမတောင်တန်းနှင့် ထိစပ်နေသော ရခိုင်-ဧရာဝတီအစပ်က တိုက်ပွဲများအပြင် ပဲခူး၊ မကွေးနှင့် ထိစပ်နေသော နေရာများတွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု

Continue Reading
မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် ထိစပ်နေသည့် ရခိုင်ရိုးမတောင်ပေါ် ၄ နေရာတွင် စစ်ကောင်စီ စစ်စခန်းများကို AA နှင့် PDF များ ထိုးစစ်ဆင်တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် ထိစပ်နေသည့် ရခိုင်ရိုးမတောင်ပေါ် ၄ နေရာတွင် စစ်ကောင်စီ စစ်စခန်းများကို AA နှင့် PDF များ ထိုးစစ်ဆင်တိုက်ခိုက်နေ

ဇန်နဝါရီ ၄ - ၂၀၂၅
0

မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ရခိုင်ရိုးမတောင်တန်းပေါ်က အာဏာသိမ်း စစ်ကောင်စီ စစ်စခန်းများ၊ ကာကင်းစခန်းများကို အာရက္ခတပ်တော် AA နှင့် ဒေသခံ PDF တပ်ဖွဲ့များ ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ဧရာဝတီတိုင်းထဲက စစ်ကောင်စီ၏ မိတ်သလင် ကာကင်းစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက စတင်ပြီး AA နှင့် နယ်မြေခံ ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက ပူးပေါင်းတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “မိတ်သလင် ကာကင်းစခန်းကို AA, ဧရာဝတီ PDF အဖွဲ့ပေါင်းစုံက တိုက်ခိုက်နေတယ်။ ရခိုင်ရိုးမပေါ်မှာပဲ ဧရာဝတီနဲ့ ရခိုင်အစပ်မှာ ရှိတာပါ။ ဗေဒါစစ်ဆေးရေးဂိတ်နဲ့ သိပ်မဝေးဘူး။

Continue Reading
ပဲခူးတိုင်းမှာ မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်ကြောင်း သာယာဝတီခရိုင် PDF ပြော
စစ်ရေး သတင်း
1 min read
0

ပဲခူးတိုင်းမှာ မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်ကြောင်း သာယာဝတီခရိုင် PDF ပြော

ဒီဇင်ဘာ ၂၆ - ၂၀၂၄
2

ပဲခူးရိုးမဒေသမှာ အာဏာသိမ်း စစ်ကောင်စီက စစ်ကြောင်းထိုးလာနေ၍ သာယာဝတီခရိုင် PDF အနေဖြင့် ပဲခူးတိုင်းဒေသမှာ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်တို့နှင့် ထိစပ်နေသော ပဲခူးရိုးမအတွင်း စစ်ကောင်စီ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။ စစ်ကောင်စီက စစ်ကြောင်းထိုးလျှင် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မြို့သိမ်းတိုက်ပွဲများပါ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း သာယာဝတီခရိုင် PDF က အသိပေးထားသည်။ “ပြည်သူတွေအနေနဲ့ ရိုးမ မှာရော မြို့ပေါ်မှာပါ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားကြပါ။ မြို့သိမ်းဆိုတာမျိုးအထိ

Continue Reading