ထရမ့်အမိန့်ဖြင့် အမေရိကန် ပြည်နှင်ဒဏ်ပေးလိုက်သော မြန်မာနှစ်ဦးကို စစ်ကောင်စီ လက်ခံ
သတင်း
1 min read
0

ထရမ့်အမိန့်ဖြင့် အမေရိကန် ပြည်နှင်ဒဏ်ပေးလိုက်သော မြန်မာနှစ်ဦးကို စစ်ကောင်စီ လက်ခံ

မတ် ၂၂ - ၂၀၂၅
0

သမ္မတ ထရမ့် အမိန့်ဖြင့် အမေရိကန်နိုင်ငံက ပြည်နှင်ဒဏ်ပေးလိုက်သော မြန်မာနိုင်ငံသား နှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီက လက်ခံကြောင်း မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်သည်။ အမေရိကန်အစိုးရသစ်၏ မူဝါဒအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းသူများ၊ ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများကို ပြည်နှင်လျက်ရှိရာ မြန်မာများလည်း ပါဝင်နေသည်။ ပထမဆုံး အသုတ်အနေဖြင့် ပြည်နှင်ခံရသော မြန်မာနှစ်ဦးမှာ မတ်လ ၁၉ ရက်နေ့နှင့် မတ်လ ၂၈ ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဟု စစ်ကောင်စီက ဆိုသည်။ ရာဇဝတ်မှုများ ကျူးလွန်သော ရွှေ့ပြောင်းနေထိုင်သူများကို အမေရိကန်အစိုးရ အဆက်ဆက်က မကြာခဏဆိုသလို မူရင်း မိခင်နိုင်ငံများသို့ ပြန်လည် ပို့ဆောင်မှုများရှိကြောင်း သိရသည်။ အမေရိကန်ရောက်

Continue Reading