အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်ရန် မောင်တောက မြိုလူမျိုးများ ၁၀၀ ခန့် ဆန္ဒဖော်ထုတ်
ရခိုင်ပြည် မောင်တောဒေသက စစ်မှုထမ်းရန် ခေါ်ယူခံထားရသည့် မြိုတိုင်းရင်းသားများမှာ အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်မည် ကြွေးကြော်ကာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။ ရာနှင့်ချီ ပါဝင်သော မြိုတိုင်းရင်းသားများမှာ AA ၏ အာရက္ခပြည်သူ့အစိုးရ အလံတော်ကို ကိုင်ဆောင်ကာ “အာရက္ခတိုင်းပြည်ကို ငါတို့ပါဝင်တည်ဆောက်မယ်” ဟု ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ မောင်တောမြို့နယ်တွင် မြိုတိုင်းရင်းသားကျေးရွာအချို့မှ လူပေါင်း ၁၀၀ ကျော်ကို ယခုနှစ်အတွင်း အာရက္ခတပ်တော် AA က ရပ်ရွာကာကွယ်ရေး ပြည်သူ့စစ်သင်တန်းအတွက် ခေါ်ယူပြီးနောက် ယင်းကဲ့သို့ ချီတက်ဆန္ဒဖော်ထုတ်ပွဲကို တွေ့ရခြင်းဖြစ်သည်။ အာရက္ခတိုင်းပြည်အတွက် မောင်တောမြောက်ပိုင်းဒေသက မြိုလူမျိုးများ၏ သဘောဆန္ဒဟုဆိုကာ ကြွေးကြော်သံ ၃ ခုပါဝင်သော ချီတက်ပွဲကို မြိုလူငယ်များအစည်းအရုံး