စစ်သုံ့ပန်းနှင့် အကျဉ်းသား ၁၄၀ ကျော်ကို အာရက္ခတပ်တော် AA က ပြန်လွှတ်ပေး
တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုဝင်များထဲက မိသားစုဝင်များနှင့် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးထားသည့် အရပ်သား အကျဉ်းသား စုစုပေါင်း ၁၄၂ ဦးကို အာရက္ခတပ်တော် AA က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ဦးနှင့် အရပ်သား အကျဉ်းသား ၂၆ ဦးကို လွှတ်ပေးခဲ့ပြီး ၎င်းတို့အားလုံးမှာ လွှတ်ပေးလို့ရသည့် သုံ့ပန်းများဖြစ်ကြောင်း အာရက္ခတပ်တော် AA မှ တာဝန်ရှိသူများက ပြောသည်။ သုံ့ပန်း ၁၁၆ ဦးထဲမှာ အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီး ၇၆ ဦးတို့ပါဝင်ပြီး အကျဉ်းသား ၂၆ ဦးက အမျိုးသားပဲဖြစ်ကြောင်း သိရသည်။ ၎င်းတို့အားလုံးကို အာရက္ခတပ်တော် AA