အချို့သော တိုင်းရင်းသားခေါင်းဆောင်များမှာ ပြည်ထောင်စုပြိုကွဲအောင် လုပ်နေကြောင်း မင်းအောင်လှိုင်ပြော
စစ်ရေး သတင်း
0 min read
0

အချို့သော တိုင်းရင်းသားခေါင်းဆောင်များမှာ ပြည်ထောင်စုပြိုကွဲအောင် လုပ်နေကြောင်း မင်းအောင်လှိုင်ပြော

ဇန်နဝါရီ ၁ - ၂၀၂၅
1

အချို့သော တိုင်းရင်းသားခေါင်းဆောင်များမှာ ဒီမိုကရေစီ၏ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်သစ်ကူး မိန်းခွန်းတွင် ပြောသည်။ တိုင်းရင်းသား ခေါင်းဆောင်အချို့သည် ဖက်ဒရယ် အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးဟု ပြောနေသော်လည်း ဒီမိုကရေစီ၏ သဘောသဘာဝကို မျက်ကွယ်ပြုထားကြသည်ဟု မင်းအောင်လှိုင်က ဆိုသည်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာများကို ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးအတွက် မျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်သင့်ကြောင်း ပြောသည်။ “ဒီလိုဘုံရည်မှန်းချက်နဲ့ လျှောက်လှမ်းကြတဲ့လမ်းကြောင်း မတူညီတဲ့အတွက်လည်း ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင်သေးတာကိုလည်း ဖြစ်ပါတယ်။ ဒါတွေကိုဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့အားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့လိုပါတယ်။ ကျွန်တော်တို့ ပြည်သူများကလည်း လက်နက်ကိုင် အဖွဲ့များကို

Continue Reading
အရှိုချင်းကာကွယ်ရေးတပ် ACDF က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆောင်ရွက်မည်
စစ်ရေး သတင်း
1 min read
0

အရှိုချင်းကာကွယ်ရေးတပ် ACDF က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆောင်ရွက်မည်

နိုဝင်ဘာ ၁၉ - ၂၀၂၄
2

မကွေးတိုင်းဒေသ ဧရာဝတီအနောက်ဘက်ခြမ်းမှာ စစ်ရေးလှုပ်ရှားသည့် အရှိုချင်းကာကွယ်ရေးတပ် ACDF အနေဖြင့် အရှိုချင်းပြည်သူများအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။ စစ်အာဏာရှင်စနစ်နှင့် အာဏာသိမ်း စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် အရှိုချင်းလူထုအတွက်လည်း သက်ဆိုင်သူများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ACDF က နိုဝင်ဘာလ ၁၆ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့သည်။ အရှိုချင်းကာကွယ်ရေးတပ် ACDF သည် မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့က ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်ခဲ့ပြီဟု သိရသည်။ ACDF အနေဖြင့် ချမှတ်ထားသော မူဝါဒများအရ စစ်အာဏာရှင် ကျရှုံးရေးအတွက် မည်သည့် တော်လှန်ရေးအင်အားစုများနှင့်မဆို ပူးပေါင်းတော်လှန်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

Continue Reading