ALP က အရပ်သား ၃ဦးကို ဖမ်းဆီးထားပြီး ဗဟိုရုံးတွင် ချုပ်နှောင်ထား
စစ်ရေး သတင်း
1 min read
0

ALP က အရပ်သား ၃ဦးကို ဖမ်းဆီးထားပြီး ဗဟိုရုံးတွင် ချုပ်နှောင်ထား

မတ် ၂၇ - ၂၀၂၅
0

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်များက အရပ်သား ၃ဦးကို ရိုက်နှက် ဖမ်းဆီးကာ ချုပ်နှောင်ထားကြောင်း ဖမ်းဆီးခံ မိသားစုဝင်နှင့် နီးစပ်သူများက ပြောသည်။ မတ်လ ၂၅ ရက် ညနေ ၃နာရီခန့်မှာ ရခိုင်ပြည်၊ လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင် အင်အား နှစ်ဆယ်ကျော်က ဆပ်ရိုးကျ ကယ်ဆယ်ရေးအကွက် ၂ ရပ်ကွက်ထဲကို ရောက်ရှိလာပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စစ်တွေမြို့ ကယ်ဆယ်ရေးအကွက် ၂ နေထိုင်သူတစ်ဦးက ” သူတို့က ဆိုက္ကားမောင်းတဲ့ သာမာန် သူတွေပါ။ သတင်းပေးလို့ လာဖမ်းတာလားတော့ မသိဘူး။ ရိုက်နှက်ပြီးတော့ ဖမ်းဆီးသွားတာတော့ ရပ်ကွက်က လူတိုင်း မြင်လိုက်တယ်။

Continue Reading
ကျောက်ဖြူပင်လယ်ပြင်မှာ ငါးဖမ်းနေသည့် ဒေသခံ ရေလုပ်သား ၉ ဦး ပိုင်နက် ကျူးကျော် ဟုဆိုကာ ဖမ်းဆီးခံရ
စစ်ရေး သတင်း
1 min read
0

ကျောက်ဖြူပင်လယ်ပြင်မှာ ငါးဖမ်းနေသည့် ဒေသခံ ရေလုပ်သား ၉ ဦး ပိုင်နက် ကျူးကျော် ဟုဆိုကာ ဖမ်းဆီးခံရ

မတ် ၂၇ - ၂၀၂၅
0

ရခိုင်ပြည် ကျောက်ဖြူမြို့ ပင်လယ်ပြင်မှာ ဒေသခံ ကျောက်ဖြူရေလုပ်သား ၉ ဦး ငါးဖမ်းနေစဉ် ရေပိုင်နက် ကျူးသည်ဟုဆိုကာ စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ မတ်လ ၂၂ နေ့က ကျောက်ဖြူမြို့နယ်ဒေသခံ ၉ ဦးမှာ ဘုတ်တစ်စီးဖြင့် မြို့အနီး ပင်လယ်ပြင်မှာ ငါးရှာဖွေနေရင်း စစ်ကောင်စီတပ်၏ ဓညဝတီရေတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။ “ကိုယ့်မြေ ကိုယ့်ရေပြင်မှာ ငါးဖမ်းတာကို ပိုက်နက်ကျူးကျော်တယ်ဆိုပြီး အဖမ်းခံရတယ်။ ကျောက်ဖြူဒေသခံတွေက ဒီပင်လယ်ပြင်မှာပဲ ငါးဖမ်းလာကြတာ။ လုပ်ကိုင်စားသောက်လာကြတာပါ။ ဖမ်းချင်လို့ကို အကြောင်းပြတာပါ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူ ၉ ဦးမှာ ကျောက်ဖြူမြို့နယ် ချင်းမင်းပြင်ရွာက မောင်ကျော်လင်းအောင်နှင့် ကိုဇင်မင်းဌေး

Continue Reading
အိန္ဒိယ၊ အင်ဖာထောင်မှ ဖမ်းဆီးခံ မြန်မာအမျိုးသမီးနှင့် ကလေးငယ် ၂၇ ဦး လွတ်မြောက်လာ(ထောင်အတွင်း ၁၂၀ ဦးခန့် ကျန်ရှိနေသေး)
သတင်း အလုပ်သမားသတင်း
1 min read
0

အိန္ဒိယ၊ အင်ဖာထောင်မှ ဖမ်းဆီးခံ မြန်မာအမျိုးသမီးနှင့် ကလေးငယ် ၂၇ ဦး လွတ်မြောက်လာ(ထောင်အတွင်း ၁၂၀ ဦးခန့် ကျန်ရှိနေသေး)

မတ် ၂၅ - ၂၀၂၅
0

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာအကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၂၇ဦး ပြန်လည် လွတ်မြောက်လာသော်လည်း နောက်ထပ် ပြန်မလွတ်သေးဘဲ ၁၂၀ခန့် ရှိနေသေးကြောင်း သိရသည်။ ၎င်းတို့ အားလုံးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယ နယ်စပ်ဖြတ်ကျော် နေထိုင်မှုနှင့် ဖမ်းဆီး အကျဉ်းကျခံနေရသော သူများ ဖြစ်ကြောင်း India for Myanmar က Western News ကို ပြောသည်။ အင်ဖာ အကျဥ်းထောင်မှာ အမျိုးသမီး ၂၀ဦး၊ ကလေး ၇ ဦးကို မြန်မာ စစ်တပ်ဆီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖမ်းဆီးခံသူများအရေး ကူညီပေးနေသော India for Myanmar တာဝန်ရှိသူ

Continue Reading
ARSA (အာဆာ) ၏ ထိပ်သီးခေါင်းဆောင် အာတာအူလာ အပါအဝင် ၆ ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး
သတင်း
1 min read
0

ARSA (အာဆာ) ၏ ထိပ်သီးခေါင်းဆောင် အာတာအူလာ အပါအဝင် ၆ ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး

မတ် ၁၈ - ၂၀၂၅
0

ARSA ၏ ထိပ်သီးခေါင်းဆောင် အာတာအူလာ (Ataullah) အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ယမန်နေ့ မတ်လ ၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ARSA ခေါင်းဆောင်များကို ဖမ်းဆီးထားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက အတည်ပြုထားကြောင်းကို ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြကြသည်။ ARSA အဖွဲ့အား ဖမ်းဆီးရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် စစ်ဆင်ရေးဖြင့် ဆောင်ရွက်ခဲ့ပြီးနောက် အာတာအူလာ အပါအဝင် အခြားသော ၅ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဖမ်းဆီးခံရသူများမှာ ARSA ခေါင်းဆောင် အာတာအူလာ (Ataullah), Mostaq Ahmed,

Continue Reading
တောင်ကုတ်ဒေသခံ တစ်ဦး ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးခံရ
မှုခင်း သတင်း
1 min read
0

တောင်ကုတ်ဒေသခံ တစ်ဦး ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးခံရ

မတ် ၁၈ - ၂၀၂၅
0

ရခိုင်ပြည် တောင်ကုတ်ဒေသခံ ပြင်ဦးလွင်မြို့တွင်နေထိုင်သော ကိုနေစိုး (ခေါ်) သူရိယစိုး ကို CRPH, NUG နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။ မတ်လ ၁၇ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာ မြန်မာ့အလင်းတွင် စစ်ကောင်စီက ဖော်ပြထားသည်။ CRPH, NUG နှင့် ပတ်သက်ဆက်နွယ်သည်ဆိုပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်တွင် ဝါဒဖြန့်လှုံ့ဆော် ရေးသားသည်ဟု ခေါင်းစဉ်ဖြင့် စစ်ကောင်စီက ကိုနေစိုးအား ဖမ်းဆီးသွားသည်။ မတ်လ ၁၅ ရက် နေ့လယ် ၃ နာရီအချိန်ခန့်က ပြင်ဦးလွင်မြို့ယ် ရေချမ်းအိုးကျေးရွာတွင် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ကိုနေစိုး အား

Continue Reading
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC ဖမ်းဝရမ်း အမိန့်ဖြင့် ဖမ်းဆီး
မှုခင်း သတင်း
1 min read
0

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC ဖမ်းဝရမ်း အမိန့်ဖြင့် ဖမ်းဆီး

မတ် ၁၁ - ၂၀၂၅
0

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး ICC ၏ အမိန့်ဖြင့် မနီလာလေဆိပ်တွင် ယနေ့ မတ်လ ၁၁ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောသည်။ ဖိလစ်ပိုင်ခေါင်းဆောင်ဟောင်း ဒူတာတေးကို မူးယစ်ဆေးဝါး သတ်ဖြတ်မှုနှင့် ပတ်သက်၍ ICC က ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။ ဒူတာတေးသည် ဟောင်ကောင်မှ ရောက်ရှိလာပြီးနောက် အဖမ်းခံခဲ့ရပြီး ရဲတပ်ဖွဲ့က ၎င်းအား ICC ၏ အမိန့်အရ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဆိုသည်။ ဒူတာတေး၏ တရားမဝင် မူးယစ်ဆေးဝါး နှိမ်နင်းမှုအောက်တွင် ဖြစ်ပွားခဲ့သည့် ကြီးမားသော သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးနေကြောင်း သမ္မတ ဖာဒီနန်မားကို့စ် (Ferdinand Marcos) ၏ ရုံးက

Continue Reading
ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်း လူပေါင်း ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရ
စစ်ရေး သတင်း
1 min read
0

ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်း လူပေါင်း ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရ

မတ် ၆ - ၂၀၂၅
0

ရန်ကုန်တိုင်း ဒေသကြီး ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က လူပေါင်း ၂၃၃ ဦးကို ဖမ်းဆီး ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့ Rangoon Scout Network (RSN) က သတင်းထုတ်ပြန်သည်။ ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီတပ်မှ အဖမ်းအဆီးဖြစ်စဉ်များအနက် ဖြစ်စဉ် ၉၆ ခုကို သိရှိခဲ့ရပြီး ၎င်းတို့အနက် ၂၆ ခုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ဖြစ်စဉ် အခု ၇၀ ကိုသာ အတည်ပြုထားကြောင်း ဆိုသည်။ ဖေဖော်ဝါရီလ အတွင်း စစ်ကောင်စီက ကနဦးဖမ်းဆီးခံရမှုတွင် စုစုပေါင်း ၂၃၃ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၅၄ ဦး ပြန်လွတ်လာခဲ့ကာ ၈ ဦးကိုမူ

Continue Reading
တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၉ ဦး ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် ဖမ်းဆီးခံရ
သတင်း အလုပ်သမားသတင်း
1 min read
0

တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၉ ဦး ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

မတ် ၅ - ၂၀၂၅
0

တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၉ ဦး ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများက ဖော်ပြာသည်။ ၎င်းတို့မှာ ဘုရားသုံးဆူမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာစဉ် သတင်းပေး တိုင်ကြားမှုကြောင့် ကန်ချနဘူရီ တောအုပ်တစ်နေရာတွင် ထိုင်းအာဏာပိုင်များက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် လူငယ်များမှာ အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်း လူငယ်များဖြစ်ကြပြီး မတ်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် လမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ယခု ရက်ပိုင်းအတွင်း ထိုင်း-မြန်မာ နယ်စပ်ဘက်သို့ ထွက်ခွာလာကြသည့် လူငယ်များတွင် အမျိုးသမီးငယ်

Continue Reading
မလေးရှားရှိ စက်ရုံများကို ဝင်ရောက်စီးနင်းမှုကြောင့် မြန်မာနှင့် နိုင်ခြားသား ၄၃၀ နီပါး ထပ်မံ ဖမ်းဆီးခံရ
သတင်း
1 min read
0

မလေးရှားရှိ စက်ရုံများကို ဝင်ရောက်စီးနင်းမှုကြောင့် မြန်မာနှင့် နိုင်ခြားသား ၄၃၀ နီပါး ထပ်မံ ဖမ်းဆီးခံရ

ဖေ‌ဖော်ဝါရီ ၂၅ - ၂၀၂၅
0

မြန်မာနိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ အများဆုံး အလုပ် လုပ်ကိုင်နေသည့် မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်နှင့် ဆလန်ဂေါပြည်နယ်တွင် စက်ရုံ ၁၂ ရုံးကို အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဂျိုဟိုးပြည်နယ်နှင့် ဆလန်ဂေါပြည်နယ်ရှိ နိုင်ငံခြားသားများ လုပ်ကိုင်နေကြသည့် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းစက်ရုံ ၁၂ ရုံကို မလေးရှားအာဏာပိုင်အဖွဲ့မှ စီးနင်းခဲ့ကြောင်း Malaysia Gazette သတင်းဌာနက ဖော်ပြသည်။ အဆိုပါ စက်ရုံများက နိုင်ငံခြားသား ၇၄၅ ဦးကို စစ်ဆေးခဲ့ပြီး အထောက်အထား အပြည့်အစုံရှိသည့် ၃၁၇ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း အထောက်အထားမဲ့ နိုင်ငံခြားသား ၄၂၈ ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။ မလေးရှား

Continue Reading
မလေးရှားတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဦး ဖမ်းဆီးခံခဲ့ရ
သတင်း အလုပ်သမားသတင်း
1 min read
0

မလေးရှားတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဦး ဖမ်းဆီးခံခဲ့ရ

ဖေ‌ဖော်ဝါရီ ၂၂ - ၂၀၂၅
0

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်း မဲရူးဈေးကြီး ကို မလေးရှား အာဏာပိုင်များက ဝင်ရောက် စီးနင်းရာတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားထံမှ သိရသည်။ မလေးရှားအာဏာပိုင်များ က ကလန်း မဲရူးဈေးကြီး ကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စ၍ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး အော်ပရာစီ အဖမ်းအဆီးတွင် အထောက်အထားမပြည့်စုံသူ ၆၃၀ ဦး ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများ မှာ အင်ဒိုနီးရှား ၉ ဦး၊ ဘင်္ဂလားဒေ့ရှ် ၈၅ ဦး၊ အိန္ဒိယ ၅ ဦး၊ နီပေါ ၁ ဦးနှင့်

Continue Reading