ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို အတင်းဖိအားပေး ရွှေ့ပြောင်းမှု မလုပ်ကြရန် ဂွမြို့နယ်စစ်ရှောင်ကူညီရေးပူးပေါင်းအဖွဲ့ တောင်းဆို
ငြိမ်းချမ်းရေး စစ်ရေး သတင်း
1 min read
0

ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို အတင်းဖိအားပေး ရွှေ့ပြောင်းမှု မလုပ်ကြရန် ဂွမြို့နယ်စစ်ရှောင်ကူညီရေးပူးပေါင်းအဖွဲ့ တောင်းဆို

ဒီဇင်ဘာ ၂၅ - ၂၀၂၄
0

ဧရာဝတီဒေသ ရေကြည်မြို့နယ်အပါအဝင် ပုသိမ်ခရိုင်အတွင်း ခိုလှုံရောက်ရှိနေကြသည့် ရခိုင်တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များကို အတင်းအဓမ္မ ဖိအားပေး ရွှေ့ပြောင်းမှုများ မလုပ်ကြရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုကြောင်း သိရသည်။ ဧရာဝတီတိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရခိုင်စစ်ဘေးရှောင်ပြည်သူများအား လူသားတစ်‌ယောက်၏ လွတ်လပ်စွာ‌ရွှေ့ပြောင်းနေထိုင်ခွင့်အား လေးစားလိုက်နာ၍ စစ်ဘေးရှောင်ပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားစွာဖြင့် အတင်းဖိအားပေးရွှေ့ပြောင်းခိုင်းမှု့များမလုပ်ကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။ ရေကြည်မြို့နယ်၊ ခွေးတောက်ကွက်သစ်အုပ်စု၊ ကုန်းပြင်အနီးဝန်းကျင်နှင့် တစ်ခြားဧရာဝတီတိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ရခိုင်စစ်ဘေးရှောင်ပြည်သူများအား အတင်း‌ရွှေ့ပြောင်းကြရန် သက်ဆိုင်ရာတာဝန်ရှိ‌သူများမှဖိအား‌ပေး ဆောင်ရွက်နေသည်ဟု ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။ “ဧရာဝတီတိုင်းရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေကို ၂၃ ရက် ၁၂ လပိုင်း ၂၀၂၄ ရက်နေ့က စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတွေပေါ့လေ၊ စကစ တပ်သားတွေနဲ့

Continue Reading