KTV ဖွင့်လှစ်ရန်ကြိုးပမ်းသော ဗကသများအဖွဲ့ချုပ် ဥက္ကဌနှင့် ဘဏ္ဍာရေးတာဝန်ခံကို ရာထူးမှ ဖယ်ရှား
စီးပွားရေး သတင်း
1 min read
0

KTV ဖွင့်လှစ်ရန်ကြိုးပမ်းသော ဗကသများအဖွဲ့ချုပ် ဥက္ကဌနှင့် ဘဏ္ဍာရေးတာဝန်ခံကို ရာထူးမှ ဖယ်ရှား

ဇန်နဝါရီ ၆ - ၂၀၂၅
1

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးနှင့် ဘဏ္ဍာရေးတာဝန်ခံ ကိုရှိုင်းဝဏ္ဏအောင်ကို ဗကသများအဖွဲ့ချုပ်ဘဏ္ဍာငွေအတွက် KTV ဖွင့်လှစ်ရှာဖွေ၍ ရာထူးမှ ထုတ်ပယ်ရေးယူလိုက်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ ဗကသများအဖွဲ့ချုပ်ဥက္ကဌအဖြစ် တာဝန်ယူထားသော ကိုအောင်ပြည့်စုံဖြိုးသည် ဗကသများအဖွဲ့ချုပ် ဘဏ္ဍာငွေ ရှာဖွေရန်ရည်ရွယ်ချက်ဖြင့် KTV လုပ်ငန်းဖွင့်လှစ်နိုင်ရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြောင်း စစ်ဆေးသိရှိရကြောင်း ဖော်ပြထားသည်။ အဆိုပါလုပ်ရပ်သည် ဗကသများ အဖွဲ့ချုပ်၏ စည်းမျဉ်းဥပဒေ၊ မူဝါဒစံနှုန်း၊ ဂုဏ်သိက္ခာကို ချိုးဖောက်ညှိုးနွမ်းစေ သည့်အတွက် ကိုအောင်ပြည့်စုံဖြိုးကို ဗကသများအဖွဲ့ချုပ် ဥက္ကဌ တာဝန်မှ ထုတ်ပယ်အရေးယူလိုက်ကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့က ဆိုသည်။ ကိုအောင်ပြည့်စုံဖြိုးအနေဖြင့် ဆက်စပ်ပတ်သတ်ခဲ့သည့် KTV လုပ်ငန်းပတ်သတ်မှုကိုလည်း တစ်ပါတည်း စွန့်ပယ်ရန် ဗကသများအဖွဲ့ချုပ်က ပြောဆိုထားသည်။ အဆိုပါလုပ်ငန်းမှ

Continue Reading