အမ်းနှင့် မောင်တော တိုက်ပွဲက စစ်ကောင်စီ ဗိုလ်မှူးချုပ် ၃ ဦးကို AA က အရှင်ဖမ်းဆီးထား
စစ်ရေး သတင်း
1 min read
0

အမ်းနှင့် မောင်တော တိုက်ပွဲက စစ်ကောင်စီ ဗိုလ်မှူးချုပ် ၃ ဦးကို AA က အရှင်ဖမ်းဆီးထား

ဒီဇင်ဘာ ၂၀ - ၂၀၂၄
0

ရခိုင်ပြည်မှာ ပြည်သူများအပေါ် ကြမ်းချင်တိုင်းကြမ်းနေခဲ့သော အာဏာသိမ်း စစ်ကောင်စီ၏ ဗိုလ်မှူးချုပ်များကို အာရက္ခတပ်တော် AA က အရှင်ဖမ်းဆီးထားကြောင်း သိရသည်။ အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းတိုက်ပွဲက ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို ဖမ်းဆီးထားသလို မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲက ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်လက်ရ ဖမ်းဆီးထားခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ် သောင်းထွန်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ ဒုတိယ တိုင်းမှူးဖြစ်သည်။ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းသည် နပခ တိုင်းဦးစီးချုပ်ဖြစ်ပြီး ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခမှူး ဖြစ်သည်။ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့်

Continue Reading