ARSA (အာဆာ) ၏ ထိပ်သီးခေါင်းဆောင် အာတာအူလာ အပါအဝင် ၆ ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး
ARSA ၏ ထိပ်သီးခေါင်းဆောင် အာတာအူလာ (Ataullah) အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ယမန်နေ့ မတ်လ ၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ARSA ခေါင်းဆောင်များကို ဖမ်းဆီးထားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက အတည်ပြုထားကြောင်းကို ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြကြသည်။ ARSA အဖွဲ့အား ဖမ်းဆီးရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် စစ်ဆင်ရေးဖြင့် ဆောင်ရွက်ခဲ့ပြီးနောက် အာတာအူလာ အပါအဝင် အခြားသော ၅ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဖမ်းဆီးခံရသူများမှာ ARSA ခေါင်းဆောင် အာတာအူလာ (Ataullah), Mostaq Ahmed,
မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးအတွက် AA နှင့် ဆွေးနွေးရန်လိုအပ်ဟု ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ပြော
ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် အာရက္ခတပ်တော် AA နှင့် တွေ့ဆုံဆွေးနွေး စကားပြောရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောသည်။ ကုလအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေပြီး မွတ်ဆလင်ဒုက္ခသည်များနှင့် တွေ့ဆုံပြီး အပြန် မတ်လ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “အာရက္ခတပ်တော် ဟာ သီးခြားအဖွဲ့ဖြစ်တာကြောင့် မွတ်ဆလင်တွေရဲ့ နေရပြန်ရေးနဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ဆိုရင် AA နဲ့ စကားပြောဖို့လို့ လိုအပ်တယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု အန်တိုနီယို ဂူတာရက်စ်က ပြောသည်။ မွတ်ဆလင်များ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာရှိသော နေရပ်ပြန်နိုင်ရေး ဖြစ်စေရန်အတွက် အာရက္ခတပ်တော်
တရားမဝင် နယ်စပ်ဖြတ်ကျော် ပြဿနာကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းလိုကြောင်း AA ပြော
ရခိုင်ရေပိုင်နက်ဖြစ်သော ဘူးသီးတောင်၊ မောင်တောဒေသတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး အကြိမ်ကြိမ်ဝင်ရောက် ငါးဖမ်းနေကြသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများအရေးနှင့် ပတ်သက်၍ ပူးပေါင်းဖြေရှင်းဆောင်ရွက်လိုကြောင်း အာရက္ခတပ်တော် AA က ပြောသည်။ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြဿနာအား ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိထိရောက်ရောက် ဖြေရှင်းရန် မျှော်လင့်ထားကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ယနေ့ မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။ “ULA အနေနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော် ငါးဖမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ကြား ပူးပေါင်းလုပ်ဆောင်ပြီး ထိရောက်တဲ့ အဖြေတစ်ခုရရှိဖို့ မျှော်လင့်ပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။ အာရက္ခတပ်တော် AA သည် စစ်ကောင်စီထံမှ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်
မွတ်ဆလင်များကို လာမည့်နှစ် ရခိုင်ကို ပို့မည်ဟု ဘင်္ဂလားဒေ့ရှ်အကြီးအကဲပြော
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်ဆလင်ဒုက္ခသည်များကို လာမည့်နှစ် ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည်သို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အကြီးအကဲ မိုဟာမက် ယူနွတ်စ်က ကတိပေး ပြောကြားခဲ့သည်။ ယမန်နေ့ မတ်လ ၁၄ ရက်နေ့တွင် ကော့ဘဇားက မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့်အတူ ရောက်ရှိနေချိန် မွတ်ဆလင်များနှင့် တွေ့ဆုံရာတွင် မစ္စတာ ယူနွတ်စ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ မွတ်ဆလင်ဒုက္ခသည်များအနေဖြင့် လာမည့်နှစ် ရမဒန်ဥပုသ်လ ပွဲတော်အတွင်း ရခိုင်ပြည်က နေရပ်များတွင် ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည်ဟု မစ္စတာ ယူနွတ်စ်က ထပ်မံ ကတိပေးခဲ့သည်။ မွတ်ဆလင်များ နေရပ် ရခိုင်ပြည်သို့ ပြန်သွားနိုင်ရေးကို ကုလသမဂ္ဂအဖွဲ့ UN နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယူနွတ်စ်က ဆိုသည်။ သို့သော်
AA နှင့် ဆက်ဆံရေး ပြေလည်မှုရှိကြောင်း ဘင်္ဂလားဒေ့ရှ်ပြော
အာရက္ခတပ်တော် AA နှင့် နယ်စပ်အရေးအပါအဝင် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ပြေလည်မှုရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က ပြောသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ခရီးစဉ်နှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့နှင့် မီဒီယာများ ယမန်နေ့ မတ်လ ၁၃ ရက်တွင် တွေ့ဆုံချိန် အကြံပေးအရာရှိချုပ် Shafiqul Alam က ပြောကြားခြင်းဖြစ်သည်။ “နယ်စပ်မှာ AA နဲ့ ဆက်ဆံရေး ပြေလည်မှုရှိပါတယ်။ စစ်ဘက်ဆိုင်ရာ ကိစ္စ အဆက်အသွယ်တွေကို ကျနော်တို့ ဆက်လက် ထိန်းသိမ်းထားပါတယ်” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ အာရက္ခတပ်တော် AA နှင့် ဆက်ဆံရာတွင် ရခိုင်ပြည်အတွင်း ပေါ်ပေါက်နေသော အခြေအနေများကို အမြဲစောင့်ကြည့်ကာ နယ်စပ်အရေးကို
AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် OIC အထူးကိုယ်စားလှယ်တွေ့ဆုံ
အာရက္ခတပ်တော် AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် RSO အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။ OIC အထူးကိုယ်စားလှယ် Ibrahim Khairat သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ မကြာသေးခင်က သွားရောက်ခဲ့ပြီး မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများဖြင့် တွေ့ဆုံခဲ့သည်ဟု မတ်လ ၂ ရက်နေ့က Dhaka Tribune က ဖော်ပြသည်။ RSO ခေါင်းဆောင်အချို့၊ RSO နှင့်ဆက်စပ်နေသော မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူများတို့ဖြင့် တွေ့ဆုံခဲ့သည့်အကြောင်း OIC အထူးကိုယ်စားလှယ်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
မွတ်ဆလင်အရေး ဆွေးနွေးရန် UN အကြီးအကဲ ဘင်္ဂလားဒေ့ရှ် သွားမည်
မြန်မာစစ်တပ် နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ကုလသမဂ္ဂ UN အတွင်းရေးမှူးချုပ် အမ်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်ကို မတ်လမှာ သွားရောက်မည်ဟု သိရသည်။ UN အကြီးအကဲ အမ်တိုနီယို ဂူတာရက်စ် မတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ကြိုတင်ပြင်ဆင်မှုအနေဖြင့် လာမည့် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်ကို သွားရောက်မည်ဖြစ်သည်။ ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသနှင့် ရသေ့တောင်မြို့နယ်တို့က မွတ်ဆလင်များကို ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရှင်းလင်းရေး ပြုလုပ်ခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မွတ်ဆလင် သိန်းနှင့်ချီ ထွက်ပြေးခဲ့ရသည်။ ၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော
ရခိုင်ပင်လယ်ပြင်မှာ တရားမဝင် ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို AA က ဖမ်းဆီး
ရခိုင် ရေပိုင်နက်ဖြစ်သည့် မောင်တောမြို့အနီးက နတ်မြစ်မှာ တရားမဝင် ဝင်ရောက်ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉ ဦးကို အာရက္ခတပ်တော် AA က ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ တရားမဝင် ဝင်ရောက် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို စက်လှေ ၄ စီးနှင့်အတူ AA က ဖမ်းဆီးသွားခြင်းဖြစ်သည်။ မောင်တောမြို့အနီးက နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထက်ဝက်ပိုင်သလို ရခိုင်ကလည်း ထက်ဝက်ပိုင်ဆိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ရခိုင်ပိုက်နက်သို့ ကျူးကျော်ဝင်ရောက် ငါးဖမ်းခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်းများနှင့်
ဘင်္ဂလားဒေ့ရှ်က ၈ နှစ်ကြာပိတ်ပင်ခဲ့သည့် နတ်မြစ်အတွင်း ငါးဖမ်းခွင့်ကို ပြန်လည်ခွင့်ပြုပေး
ရခိုင်ရေပြင်နှင့် ထိစပ်နေသည့် နတ်မြစ်အတွင်းမှာ ၈ နှစ်ကြာ ပိတ်ပင်ခဲ့သော ငါးဖမ်းခွင့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူ့နိုင်ငံသားများအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြန်လည်ခွင့်ပြုပေးလိုက်ပြီဟု သိရသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ခိုးဝင်သူများ စိမ့်ဝင်မှုကြောင့် နတ်မြစ်အတွင်း ငါးဖမ်းခွင့်ကို ၈ နှစ်ကြာ ပိတ်ပင်ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း Dhaka Tribune က ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်အုပ်ချုပ်ရေးမှူးက နတ်မြစ်အတွင်း ငါးဖမ်းခွင့် ပြန်လည်ခွင့်ပြုကြောင်း စာတစ်စောင်ကို တက္ကနပ်ဆိပ်ကမ်း တာဝန်ရှိသူများထံ ပေးပို့ခဲ့ကြောင်း သိရသည်။ နတ်မြစ်ထဲမှာ ငါးဖမ်းခွင့်ကို နံနက် ၈ နာရီမှာ ညနေ ၄ နာရီအထိ ခွင့်ပြုပေးခြင်းဖြစ်ပြီး စောင့်ကြည့်ကာလအနေဖြင့် ၃
ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို AA ဖမ်းဆီး
အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဝင်ရောက် ငါးဖမ်းနေကြသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို ဖမ်းဆီးသွားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ် ကော့ဘဇားမြို့အနီး နတ်မြစ်အတွင်း Shahparir Dwip နှင့် Golarchar Mukh ဧရိယာတွင် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၃၀ အရွယ် Md Hasan, အသက် ၂၀ အရွယ် Abdur Rakim, အသက် ၂၆ နှစ်အရွယ် Md Jaber နှင့်