ရခိုင်က မွတ်ဆလင်စာသင်ကျောင်းများတွင် အာရက္ခနိုင်ငံတော်သီချင်းကိုဆို
ရခိုင်ပြည်အတွင်း မွတ်ဆလင်ပြည်သူများက အာရက္ခနိုင်ငံတော် တေးသီချင်းကို စာသင်ကျောင်းများတွင် သီဆိုနေကြသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ကစ၍ ပျံ့နှံ့လာသည်။ စုံစမ်းချက်အရ ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်စာသင်ကျောင်းများတွင် အာရက္ခနိုင်ငံတော် သီချင်းကို ဆိုနေကြခြင်းဖြစ်သည်ဟု ရုပ်သံဖိုင်ကိုကြည့်ရှုထားသူတစ်ဦးက ခန့်မှန်းပြောသည်။ အာရက္ခတပ်တော် AA က ထိန်းချုပ်သိမ်းပိုက်ထားသော မြို့နယ်များတွင် အာရက္ခပညာရေးစနစ်ကို အကောင်အထည်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် လကတည်းက Western News သတင်းဌာနအား ရခိုင့်ပညာရေးအသိုင်းအဝိုင်းက ပြောဆိုထားသည်။ ရုပ်သံဖိုင်ကြည့်ရှုထားသူ ရခိုင်ဒေသတစ်ဦးက “မွတ်ဆလင်တွေ အာရက္ခနိုင်ငံတော် သီချင်းကို ဆိုနေတဲ့ မြင်ကွင်းက တော်တော်လေးကို ကြည်နူးစရာကောင်းပါတယ်။ ဒီလို အေးအေး ချမ်းချမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းစည်းလုံးလုံး မြင်ရတော့
ARSA ဖမ်းထားသည့် ရခိုင်လူမျိုး ၅ ဦးက ဘူးသီးတောင်၊ မောင်တောဒေသတွင် AA တပ်ပြန်ဆုတ်ရန် တောင်းဆို
စစ်သွေးကြွ ARSA မွတ်ဆလင် လက်နက်ကိုင်တပ်ဖွဲ့က ရခိုင်ပြည် ရသေ့တောင်နှင့် ဘူးသီးတောင်ဒေသခံ အရပ်သား ၅ ဦးကို ဖမ်းဆီးပြီး နှိက်စက်ထားသည်ကို ဗီဒီယို တစ်ခုကို ARSA က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။ အရပ်သား ၅ ဦး ဖမ်းဆီးခံရသည့် ရက်စွဲကို Western News က အတိအကျမသိရသေးသော်လည်း အဆိုပါ ဒေသခံ ၅ ဦးကို ARSA က ဖမ်းဆီးထားသည့် ရုပ်သံဖိုင်မှာ ဒီဇင်ဘာလ ၅ ရက်နေ့ကစ၍ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်။ ဖမ်းဆီးခံထားရသူ ၅ ဦးမှာ ARSA အဖွဲ့၏ ညှဉ်းပန်းနှိပ်စက်မှုဟု ယူဆရသည့် မျက်နှာတွင် သွေးထွက်သံယိုဒဏ်ရာများ၊ ဖူးရောင်နေသည့်