စစ်ကောင်စီတပ်သား ၃၈ ဦးကို ရှင်းလင်းနိုင်ခဲ့ဟု ကျောင်းသားလက်ရုံးတပ် ပြော
ကုန်ခဲ့သည့် နိုဝင်ဘာလအတွင်း ရခိုင်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့က အာဏာသိမ်း စစ်ကောင်စီတပ်သား ၃၈ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်းနှင့် ၁၀ ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ပြန်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည် အမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၃၀ ခန့် နှင့် ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် မဟာမိတ်တပ်များဖြင့် အမ်း-ပဒန်းလမ်းပိုင်းတနေရာတွင် နိုဝင်ဘာလ၂၄ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားပြီး ၁၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လက်နက်ငယ် နှစ်လက်နှင့်အတူ ခဲယမ်းပစ္စည်းများကုငိလည်း သိမ်းဆည်းရရှိခဲ့ကြောင်း SAF က ဆိုသည်။ စစ်ကိုင်းတိုင်း
အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ကြောင်း AA အရေးပေါ်ထုတ်ပြန်
ရခိုင်ပြည် အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီက မိုင်းထောင်ခြင်း၊ အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်နေ၍ အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားကြောင်း AA က အရေးပေါ်ထုတ်ပြန် အသိပေးသည်။ အမ်းနှင့် မကွေးတိုင်း ဆက်သွယ်ထားသော ကားလမ်းများတွင် အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားကားများကို အသုံးပြု၍ တပ်ပြောင်းရွှေ့ခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများသယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ်မိုင်းများ ထောင်နေ၍ ကားလမ်းမတစ်လျှောက် တိုက်ပွဲဖြစ်လာနိုင်သည်ဟု ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA ၏ နိုဗာ (၁) စစ်ဒေသက ထုတ်ပြန် သတိပေးလိုက်ခြင်းဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားပါက ပြည်သူများထိခိုက်သွားမည်ကို စိုးရိမ်၍ AA