အားကောင်းသော မုန်တိုင်းငယ် အရှိန်ကြောင့် ရခိုင်၊ ချင်း၊ မကွေးတို့တွင် မိုးကြီးနိုင်
မိုးလေဝါသ သတင်း
1 min read
92

အားကောင်းသော မုန်တိုင်းငယ် အရှိန်ကြောင့် ရခိုင်၊ ချင်း၊ မကွေးတို့တွင် မိုးကြီးနိုင်

September 14, 2024
0

အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှ မနက်ဖြန်နေ့အတွင်း မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒက သတင်းထုတ်ပြန်သည်။ ယနေ့ ၁၂ နာရီ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် သိသိသာသာရွေ့လျားခြင်း မရှိဘဲ ဆက်လက်တည်ရှိ နေသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်

Continue Reading
မကွေးက စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များ လက်နက်ချအလင်းဝင်ရန် PRA ပြော
သတင်း
1 min read
761

မကွေးက စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များ လက်နက်ချအလင်းဝင်ရန် PRA ပြော

April 4, 2024
0

မကွေးတိုင်း ငဖဲမြို့နယ်အတွင်းက စစ်ကောင်စီ လက်အောက်ခံ အခြေစိုက်တပ်ရင်းများ၊ ကင်းစခန်းများ၊ ဂိတ်များနှင့် တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချအလင်းဝင်ကြရန် မကွေးစစ်တပ် PRA က သတိပေးတိုက်တွန်းလိုက်သည်။  မကြာခင်မှာ PRA ထိုးစစ်က မြေပြန့်ကိုဆင်းမည်  မကြာခင်မှာ စစ်က မြေပြန့်ကို ဆင်းလာမည်ဖြစ်၍ မကွေးက စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံ အလင်းဝင်ကြရန် PRA ပြောခွင့်ရ ကိုနေမွန်က သတိပေးပြောသည်။  ” ငဖဲမြို့နယ်မှာရှိတဲ့ ကပစတွေ၊ အမြောက်တပ်တွေ၊ စကစရဲ့ တပ်ရင်းတပ်ဖွဲ့တွေ အကုန်လုံး လက်နက်ချဖို့ ကျနော်တို့ဆီမှာ အလင်းဝင်ပြီး ခိုလှုံဖို့ သတိပေးတိုက်တွန်းပါတယ်။ မဟုတ်ရင် ကျနော်တို့ရဲ့ စစ်က မြေပြန့်ကို ဆင်းလာမှာဖြစ်တဲ့အတွက် မကြာခင်မှာ တိုက်ပွဲက

Continue Reading