သပိတ်ကျင်းက ကွင်း ၅၀၀ တပ်စခန်းကို မန္တလေး PDF သိမ်းပိုက်
စစ်ရေး သတင်း
1 min read
75

သပိတ်ကျင်းက ကွင်း ၅၀၀ တပ်စခန်းကို မန္တလေး PDF သိမ်းပိုက်

August 27, 2024
0

(ဓါတ်ပုံသတင်း) မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကွင်း ၅၀၀ မှာ အခြေပြုလှုပ်ရှားသော စစ်ကောင်စီတပ်စခန်း (ကွင်း ၅၀၀ တပ်စခန်း) ကို ဩဂုတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်ဟု မန္တလေး PDF က ယနေ့ ထုတ်ပြန်ထားသည်။ ကွင်း ၅၀၀ တပ်စခန်းကို ဗိုလ်မှူးချုပ် စိုးကျော်ထိုက်ဦးစီးပြီး စစ်ကောင်စီ တပ်သားအင်အား ၄၀၀ ခန့်ရှိကြောင်းနှင့် မန္တလေး PDF က ဩဂုတ်လ ၅ ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။ ကွင်း ၅၀၀ စခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအများအပြားနှင့် သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ပြီး မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏

Continue Reading
ညီနောင်မဟာမိတ်ကို ကရင်နီလူငယ်များနှင့် မန္တလေး ကျန်းမာရေးမိသားစုက လေးစားဂုဏ်ပြု
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
211

ညီနောင်မဟာမိတ်ကို ကရင်နီလူငယ်များနှင့် မန္တလေး ကျန်းမာရေးမိသားစုက လေးစားဂုဏ်ပြု

August 1, 2024
0

စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေးကို အရှိန်အဟုန်မပျက် ဆက်လက် တိုက်ခိုက်နေခြင်းနှင့် မြို့ပေါင်း၊ စခန်းပေါင်းများစွာကို သိမ်းပိုက်ကာ အောင်မြင်မှုရရှိနေသော ညီနောင်မဟာမိတ် (MNDAA, TNLA, AA) တို့ကို လေးစားဂုဏ်ပြု ထောက်ခံကြောင်း ကရင်နီလူငယ်များသမဂ္ဂနှင့် ကျန်းမာရေးမိသားစု (မန္တလေး) တို့က ထုတ်ပြန်ထားကြသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး၏ ကြိုးပမ်းမှုဖြင့် လက်ရှိ ရှမ်းမြောက်တွင် လားရှိုးမြို့အပါအဝင် မြို့ ၁၉ မြို့အား သိမ်းပိုက်ထားခြင်းနှင့် တစ်ပြိုင်နက် ပြည်သူ့အုပ်ချုပ်ရေးကို စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် ညီနောင်မဟာမိတ်ကို မဟာဗျူဟာ ပြောင်မြောက်လှသည်ဟု ကရင်နီလူငယ်များသမဂ္ဂ (UKSY) မှ ဇူလိုင်လ ၃၀

Continue Reading
ပဲခူး အထင်ကရ ဆရာတော် မန္တလေးမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပျံလွန်တော်မူ
နိုင်ငံရေး သတင်း
1 min read
140

ပဲခူး အထင်ကရ ဆရာတော် မန္တလေးမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပျံလွန်တော်မူ

June 21, 2024
0

(မြန်မာ သံဃာတော်များ နိုးကြွရန် အချိန်တန်ပြီဟု ပြော) ပဲခူးတိုင်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်-မြို့သာလမ်းပိုင်း ကားဖြင့်သွားနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်၍ ဇွန်လ ၁၉ ရက်နေ့က ပျံလွန်တော်မူသွားကြောင်း သိရသည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါသော ကားကို ဖော့ကားစီးလာသော စစ်ကောင်စီ စစ်ဗိုလ်များက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဆရာတော်ကြီးနှင့်အတူ လိုက်ပါလာသော မျက်မြင်သက်သေ ရန်ကုန်မြို့ ကန်သုံးဆင့်ဆရာတော်က မိန့်ကြားခဲ့သည်။ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသမှာ ကန်သုံးဆင့် ဆရာတော်နှင့်အတူ အစည်းအဝေးတစ်ခုကို တက်ရောက်ရန် မန္တလေးကို ရန်ကုန်မြို့က လေယာဉ်ဖြင့် သွားရောက်ခဲ့သည်။ အစည်းအဝေး မသွားမီ

Continue Reading