မန္တလေးပြည်သူ့တပ် အချုပ်ဆောင် ထပ်မံ ဗုံးကြဲခံရ၊ စစ်သုံ့ပန်း ဗိုလ်မှူးအပါအဝင် ၄ ဦးသေပြီး ၁ ဦးဒဏ်ရာရ
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင် ယနေ့ အောက်တိုဘာလ ၃၀ ရက်တွင် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရပြီး သုံ့ပန်း ဗိုလ်မှူးတစ်ဦး အပါအဝင် ၄ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများထားရှိ အချုပ်ဆောင်ကို ယနေ့ နံနက် ၁ နာရီတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခဲ့ခြင်းဖြစ်ကြောင်း MDY PDF က ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီခွဲအချိန်ကလည်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်သုံ့ပန်း အချုပ်ဆောင်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ
မန္တလေးပြည်သူ့တပ် စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီ ဗုံးကြဲ
(စစ်သုံ့ပန်းအပါအဝင် ၁၂ ဦး သေဆုံးပြီး ၆၀ ဦးဝန်းကျင် ဒဏ်ရာရ) မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီခွဲတွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က MDY PDF က ယနေ့ ထုတ်ပြန်ထားသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအား ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း ၈ ဦး အပါအဝင် ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀
လေကြောင်းတိုက်ခိုက်ခံရ၍ မတ္တရာမြို့နယ်မှာ စစ်ရှောင် ၁၂ ဦးသေဆုံး
မန္တလေးတိုင်း မတ္တရာမြို့နယ် ဝေါစုကျေးရွာက စစ်ရှောင်စခန်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ၍ စစ်ရှောင် ၁၂ ဦးသေဆုံးခဲ့ရကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲအချိန်တွင် ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သံဃာတော်များ ပါဝင်ပြီး စစ်ကောင်စီ၏ ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုများအား နိုင်ငံတကာက အရေးယူသင့်ပြီဟု မန္တလေးပြည်သူတစ်ဦးက တောင်းဆိုသည်။ ဝေါစုစစ်ရှောင်စခန်းသည် စစ်ရေးမသက်ဆိုင်သော နေရာဖြစ်သည့်အပြင် တိုက်ပွဲလည်းမရှိကြောင်းနှင့် စစ်ရေးနှင့်မသက်ဆိုင်သော နေရာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းသည် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း
မန္တလေးတိုင်း မိုးကုတ်မြို့ကို TNLA သိမ်းပိုက်
မန္တလေးတိုင်း ပတ္တမြားနယ်မြေ မိုးကုတ်မြို့ကို တအောင်းတပ် TNLA က ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၅ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်ထားသည်။ မိုးကုတ်မြို့သည် တအောင်းဒေသ TNLA ၏ တပ်မဟာ (၂) ဒေသထဲတွင် ပါဝင်ပြီး စစ်ကောင်စီတပ်စခန်း အားလုံးကို တိုက်ခိုက်ရှင်းလင်းလိုက်ပြီဟု သိရသည်။ မိုးကုတ်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်ခံထားရသည့်အတွက် အဝေးရောက် ဒေသခံများမှာ မိသားစုဆွေမျိုးများဖြင့် လတ်တလောတွင် အဆက်အသွယ်ပြတ်တောက်နေကြသည်ဟု သိရသည်။ မိုးကုတ်မြို့ခံ အသက် ၅၇ နှစ်ရှိ အမျိုးသမီးကြီးတစ်ဦးက ” မနက်ပိုင်းလောက်မှာ ကတည်းက သေနတ်သံတွေတိတ်သွားတယ်။ လက်နက်ကြီးသံ တစ်ချက်တစ်ချက် ကြားရတယ်။ လေယာဉ်သံကြားရတယ်။
စဉ့်ကူးမြို့ကို မန္တလေး PDF က သိမ်းပိုက်၊ သပိတ်ကျင်းကို ဆက်လက် ထိုးစစ်ဆင်
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ကို မန္တလေး PDF က ဇူလိုင်လ ၁၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ ကင်းစင်သွားပြီဟု သိရသည်။ စဉ့်ကူးမြို့သည် မန္တလေး PDF ၏ ပထမဦးဆုံးသော မြို့သိမ်းတိုက်ပွဲဖြစ်ပြီး သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။ စဉ့်ကူးမြို့ကို မန္တလေး PDF က မဟာမိတ်တပ်များဖြင့် ပူးပေါင်းတိုက်ယူခဲ့ပြီး ပထမဆုံး သိမ်းယူခဲ့သော မြို့အဖြစ် သမိုင်းမှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ စဉ့်ကူးမြို့သည် မန္တလေးမြို့နှင့် ၅၄ မိုင်ကွာဝေးသော မြို့ဖြစ်ပြီး စဉ့်ကူးမြို့ကနေ တစ်နာရီခွဲခန့် သွားရသော သပိတ်ကျင်းမြို့ကို သိမ်းပိုက်နိုင်ရန် မန္တလေး PDF က ဆက်လက်ထိုးစစ်ဆင်