မန္တလေးတိုင်း မိုးကုတ်မြို့ကို TNLA သိမ်းပိုက်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
102

မန္တလေးတိုင်း မိုးကုတ်မြို့ကို TNLA သိမ်းပိုက်

July 25, 2024
0

မန္တလေးတိုင်း ပတ္တမြားနယ်မြေ မိုးကုတ်မြို့ကို တအောင်းတပ် TNLA က ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၅ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်ထားသည်။ မိုးကုတ်မြို့သည် တအောင်းဒေသ TNLA ၏ တပ်မဟာ (၂) ဒေသထဲတွင် ပါဝင်ပြီး စစ်ကောင်စီတပ်စခန်း အားလုံးကို တိုက်ခိုက်ရှင်းလင်းလိုက်ပြီဟု သိရသည်။ မိုးကုတ်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်ခံထားရသည့်အတွက် အဝေးရောက် ဒေသခံများမှာ မိသားစုဆွေမျိုးများဖြင့် လတ်တလောတွင် အဆက်အသွယ်ပြတ်တောက်နေကြသည်ဟု သိရသည်။ မိုးကုတ်မြို့ခံ အသက် ၅၇ နှစ်ရှိ အမျိုးသမီးကြီးတစ်ဦးက ” မနက်ပိုင်းလောက်မှာ ကတည်းက သေနတ်သံတွေတိတ်သွားတယ်။ လက်နက်ကြီးသံ တစ်ချက်တစ်ချက် ကြားရတယ်။ လေယာဉ်သံကြားရတယ်။

Continue Reading
စဉ့်ကူးမြို့ကို မန္တလေး PDF က သိမ်းပိုက်၊ သပိတ်ကျင်းကို ဆက်လက် ထိုးစစ်ဆင်
စစ်ရေး သတင်း
1 min read
147

စဉ့်ကူးမြို့ကို မန္တလေး PDF က သိမ်းပိုက်၊ သပိတ်ကျင်းကို ဆက်လက် ထိုးစစ်ဆင်

July 21, 2024
0

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ကို မန္တလေး PDF က ဇူလိုင်လ ၁၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ ကင်းစင်သွားပြီဟု သိရသည်။ စဉ့်ကူးမြို့သည် မန္တလေး PDF ၏ ပထမဦးဆုံးသော မြို့သိမ်းတိုက်ပွဲဖြစ်ပြီး သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။ စဉ့်ကူးမြို့ကို မန္တလေး PDF က မဟာမိတ်တပ်များဖြင့် ပူးပေါင်းတိုက်ယူခဲ့ပြီး ပထမဆုံး သိမ်းယူခဲ့သော မြို့အဖြစ် သမိုင်းမှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ စဉ့်ကူးမြို့သည် မန္တလေးမြို့နှင့် ၅၄ မိုင်ကွာဝေးသော မြို့ဖြစ်ပြီး စဉ့်ကူးမြို့ကနေ တစ်နာရီခွဲခန့် သွားရသော သပိတ်ကျင်းမြို့ကို သိမ်းပိုက်နိုင်ရန် မန္တလေး PDF က ဆက်လက်ထိုးစစ်ဆင်

Continue Reading