မာန်အောင်မှာ ကုန်ပစ္စည်းသယ် စက်လှေများဖမ်းဆီးခံရ
စစ်ရေး သတင်း
1 min read
169

မာန်အောင်မှာ ကုန်ပစ္စည်းသယ် စက်လှေများဖမ်းဆီးခံရ

July 9, 2024
0

ရခိုင်ပြည် မာန်အောင်မြို့နယ်မှာ ပြီးခဲ့သည့်သီတင်းပတ်စ၍ ကုန်ပစ္စည်းများသယ်ယူလာသည့် စက်လှေများကို စစ်ကောင်စီ စစ်ရေယာဉ်များက ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ စက်လှေများမှာ ဇွန်လနောက်ဆုံး သီတင်းပတ်စပြီး ဖမ်းဆီးခံနေရကာ တပိုင်တနိုင် ကုန်စည်သယ်ယူသူများ များစွာနစ်နာဆုံးရှုံးနေရသည်ဟု မာန်အောင်ဒေသခံတစ်ဦးက ပြောသည်။ “အဖမ်းအဆီးများတာကတော့ ဇွန်လ နောက်ဆုံးအပတ်ထဲကနေ စတာပါ။ ကုန်တင်လာတဲ့ဘယ်ဘုတ်မဆို ဖမ်းတယ်။ ကုန်စည်သယ်ခွင့် ပိတ်တာကတော့ အစကတည်းက ပိတ်တာပဲ။ ဒါပေမယ့် စစ်တပ်ကလူတွေနဲ့ ညှိလို့ အဆင်ပြေရင် သွားလို့ရကြတယ်။ အခုနောက်ပိုင်းကျ ညှိပြီးသွားရင်တောင် အဖမ်းခံရတာမျိုးတွေဖြစ်လာတာ။ ” ဟု ပြောသည်။ ဖမ်းဆီးခံရသူများကို ပြန်လည်ရွေးထုတ်ရာတွင် ကျပ်သိန်းရာနှင့်ချီပေးနေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငွေညှစ်တောင်းယူနေကြသည်။ စက်လှေများကို တောင်ကုတ်-မာန်အောင် ရေလက်ကြားရှိ စစ်ကောင်စီ နေဗီမှ အဓိက

Continue Reading