မင်းပြားနှင့် မောင်တောတွင် မိုင်းနင်းမိ၍ အရပ်သား နှစ်ဦး ခြေထောက်များပြတ်
စစ်ရေး သတင်း
1 min read
0

မင်းပြားနှင့် မောင်တောတွင် မိုင်းနင်းမိ၍ အရပ်သား နှစ်ဦး ခြေထောက်များပြတ်

မတ် ၁၉ - ၂၀၂၅
1

ရခိုင်ပြည်၊ မင်းပြားနှင့် မောင်တောမြို့နယ်မှာ မြေမြှုပ်မိုင်း နင်းမိ၍ အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုသမီးတစ်ဦးတို့မှာ ခြေထောက်များ ပြတ်သွားပြီး ပြင်းထန် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ မတ်လ ၁၉ ရက်နေ့ ယနေ့ မတ်လ ၁၉ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်က မင်းပြားမြို့ ကျိန်းတောင် တောင်ခြေရင်းသို့ ဟင်းရှာသွားရာကနေ မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။ မင်းပြားမြို့ခံ တစ်ဦးက ” ပုံမှန်က သူက ဟင်းရှာဖို့ သွားနေကျပါ။ ဒါပေမဲ့ ဒီနေ့ကတော့ သူသွားနေကျ နေရာကို မသွားဘူးတဲ့။ တစ်ခြားနေရာကို သွားတယ်လို့ ပြောတယ်။ အဲ့ဒီမှာ မိုင်းနင်းမိတာပါ။ ဘယ်ခြေထောက်တစ်ဖက် ပြတ်သွားတယ်။

Continue Reading