တောင်ကုတ်နှင့် မောင်တော စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦး ဒဏ်ရာရ
အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသော ရခိုင်ပြည် တောင်ကုတ်မြို့နှင့် မောင်တောမြို့နယ်တို့တွင် စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၉ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်က တောင်ကုတ်မြို့တွင် ချောင်းကမ်းနားက ကောက်ယူလာသော စစ်ကျန်ဗုံးသီးကို ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရသွားသည်။ ကလေးငယ် မောင်နေစိုးသူမှာ ဘယ်ဘက် ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိသွားပြီး သိမ်တောင်ရပ်ကွက်ဒေသခံတစ်ဦးဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မောင်တောမြို့နယ် သီဟိုဠ်အေးကျေးရွာက မွတ်ဆလင်တစ်ဦးမှာ မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားကြောင်း သိရသည်။ နေ့ခင်း
ရခိုင်မှာ မြေမြှုပ်မိုင်းနှင့် စစ်ကျန် လက်နက်ပစ္စည်းများကြောင့် သေဆုံးမှု မြင့်တက်လာ၊ မိုင်းရှင်းလင်းရေးနှင့် အသိပညာပေး ပိုမို့ လုပ်ဆောင်ရန် လိုအပ်လာ
ရခိုင်တွင် ယခုတစ်လော မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် ပြည်သူများ နေ့စဉ်ဆိုသလို သေဆုံးမှုများ မြင့်တက်လာနေပြီး မိုင်းအန္တရာယ် အသိပညာပေး ပိုမို့ လုပ်ဆောင်ရန် လိုအပ်လာနေကြောင်း ဒေသခံများက ပြောသည်။ တစ်ဖက်တွင်လည်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်နှင့်ပတ်သက်၍ သက်ဆိုင်ရာက တာဝန်ယူရှင်းလင်းရန် လိုသလို အခြားတစ်ဖက်တွင်လည်း မိုင်းအန္တရာယ် အသိပညာပေး ပိုမို့ လုပ်ဆောင်ရန် လိုအပ်နေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ မြို့ပေါ်အပါအဝင် ကျေးလတ်နေ ပြည်သူများမှာ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်များနှင့် ပတ်သက်၍ အသိပညာပေးမှုများ သိရှိမှု အားနည်းသောကြောင့် ယခုလို သေဆုံးမှုများ ဆက်တိုက် မြင့်တက်လာနေကြောင်း ဂွမြို့နယ် လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ “အခုတစ်လော သေဆုံးမှုတွေ အရမ်းမြင့်တက်လာနေပါတယ်။