ရခိုင်မှာ မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး လေပြင်းတိုက်ခတ်နိုင်
ရခိုင်ပြည် အပါအဝင် တနင်္သာရီနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျှက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်နိုင်၍ ကြိုတင်သတိပြုကြရန် စစ်ကောင်စီ မိုး/ဇလက ထုတ်ပြန်ထားသည်။ ယင်းအပြင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များလည်း ဖြစ်ပေါ်နိုင်ကြောင်း ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၇ နာရီက ထုတ်ပြန်ခဲ့သည်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်မှာ နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်၊ မွန်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း
မိုးဗြဲရေကာတာက ရေကြောင့် လွိုင်ကော်မြို့ ဆက်လက် ရေကြီးနေ
ကရင်နီပြည် (ကယား) မှာ မိုးဗြဲရေကာတာ က ရေများဆက်လက် လွှတ်နေသဖြင့် လွိုင်ကော်မြို့နှင့် ကျေးရွာများ ရေဘေးကို အလူးအလဲခံနေရကြောင်း ဒေသခံများထံမှ သိရသည်။ ရေကာတာ က ရေကြောင့် ဘီလူးချောင်းရေ ဆက်လက်မြင့်တက်နေကာ ရေဘေးသင့်မိသားစု ပိုများလာကြောင်း အကူအညီပေးနေသူများက ဆိုသည်။ စက်တင်ဘာလ ၁၆ ရက်နေ့က စ၍ အာဏာသိမ်း စစ်ကောင်စီက မိုးဗြဲရေကာတာ က ရေကို လွှတ်နေခြင်းဖြစ်ပြီး လွိုင်ကော်မြို့အပါအဝင် ကျေးရွာအများအပြားမှာ ရေနစ်မြှုပ်နေကြဆဲဖြစ်သည်။ ဒေသခံရွာသားတစ်ဦးက “ရေတက်တာကတော့ ဆက်တက်နေတုန်းပဲ။ မှုံပြာ၊ ဘုရားဖြူ၊ ဘုရားနီ၊ နမ့်ကွတ် အဲဒီရွာတွေတော့ တစ်ရွာလုံးရေမြုပ်ကြတယ်။ အကူအညီတွေ လိုအပ်နေတာအများကြီးပါပဲ” ဟု ပြောသည်။ လွိုင်ကော်မြို့အနိမ့်ပိုင်း မြို့လယ်ချောင်းအနီး
ရေကြီးခဲ့သည့် ချင်းမိုင်မြို့ကို လာမည့်လတွင် ခရီးသွားနိုင်ပြီဟုဆို
( ရေကြီး၍ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းခြေ ဘတ်ငွေ ၅ ဘီလီယံခန့်ရှိ) ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရေကြီးမှုကြောင့် ပျက်စီးသွားသော ခရီးသွားနေရာများနှင့် အခြားနေရာများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။ ချင်းမိုင်မြို့သည် ရာသီအကူးအပြောင်းကာလဖြစ်သည့် နိုဝင်ဘာလတွင် ခရီးသွားများကို ကြိုဆိုရန် အဆင်သင့်ဖြစ်နေကြောင်း လက်ထောက်အုပ်ချုပ်ရေးမှူး Tosapol Phuanudom က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မြောက်ပိုင်းခရိုင်များဖြစ်သည့် ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ လမ်ပူနှင့် လပူန်တို့တွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးရန် ဖွဲ့စည်းထားသည့် အစိုးရ-ပုဂ္ဂလိကကဏ္ဍအဖွဲ့ အစည်းအဝေးအပြီးတွင် ၎င်းက ကတိပြုခဲ့သည်။ ချင်းမိုင်တွင် ရေကြီးရေလျှံပြီးနောက် ကြီးမားသော ရှင်းလင်းရေး ကြိုးပမ်းမှု ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ နေအိမ်များ၊ ကျောင်းများ၊ ဟိုတယ်များ၊ စက်ရုံများ၊
ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့များထဲတွင် ဘန်ကောက်နှင့် ချင်းမိုင် ပါဝင်
(နယူးဒေလီသည် ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံးမြို့ဖြစ်ပြီး ဟနွိုင်းသည် အရှေ့တောင်အာရှတွင် အဆင့် ၄ ရှိသည်) ရေကြီးပြီးနောက် ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှု များလာပြီး ဘန်ကောက်နှင့် ချင်းမိုင်တို့သည် ဖုန်မှုန့်အမှုန်အမွှားများ ညစ်ညမ်းမှုအတွက် ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းမြို့ကြီး ၅၀ တွင် ပါဝင်ခဲ့ကြောင်း ဆွစ်ဇာလန်အခြေစိုက် IQAir ၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။ သောကြာနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ထိုင်းမြို့တော်သည် လေထုအရည်အသွေး အညွှန်းကိန်း (AQI) 101 ဖြင့် အဆင့် ၁၃ တွင်ရှိပြီး ချင်းမိုင်သည် AQI 66 ဖြင့် အဆင့် ၄၃ ရှိသည်။ ဘန်ကောက်မြို့သည် လေထုအရည်အသွေးအတွက်
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” ရခိုင်ပြည် ဂွမြို့ အနီးတွင်ရှိ
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” အဖြစ်သို့ ရောက်ရှိခဲ့ပြီဟု သိရသည်။ ယနေ့ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်း စစ်ကောင်စီ၏ မိုးလေဝသဌာနမှ ထုတ်ပြန်ချက်အရ ရခိုင်ပြည် ဂွမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၃၆၅ မိုင်ခန့် အကွာနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ဒမ်မရာမြို့ အရှေ့တောင်ဘက် ရေမိုင် ၁၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ဆိုသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်
ဘင်္ဂလားပင်လယ်အော်မှာ ၁၂ နာရီအတွင်း မုန်တိုင်းဖြစ်ပေါ်လာနိုင်
(ရန်ကုန်မှာ မိုးအဆက်မပြတ် ရွာသွန်း၍ ရပ်ကွက်အများအပြား ရေနစ်မြုပ်) ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းကြောင့် နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်မှ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ကောင်စီ မိုး/ဇလက ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက် ၇ နာရီက ထုတ်ပြန်ထားသည်။ မုန်တိုင်းကြောင့် ရခိုင်ပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် မိုးအဆက်အပြတ် ရွာသွန်းမည်ဟု အသိပေးထားသည်။ အောက်တိုဘာ ၂၃ တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်ကာ အောက်တိုဘာ ၂၄ ရက်တွင် ရခိုင်ပြည်၊ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊
အပူပိုင်းမုန်တိုင်းကြောင့် ရခိုင် အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးများအုံးမည်
တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ် Soulik ကြောင့် ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မြေနိမ့်ပိုင်း ရေလွှမ်းနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် ညနေ တိုင်းတာချက်များအရ အပူပိုင်းမုန်တိုင်းငယ် Soulik သည် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိနေသည်။ ယင်းမှတစ်ဆင့် အနောက်ဘက်သို့ ဦးတည်ရွေ့လျားနေပြီး ယနေ့အစောပိုင်း လာအိုနိုင်ငံအလယ်ပိုင်းသို့ ဖြတ်သန်းဝင်ရောက်ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား၍ ယနေ့ညပိုင်း ထိုင်းနိုင်ငံအရှေ့ဘက်တွင် အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားကြသည်။ ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုး အားကောင်းလာနိုင်သည်ဟု ဆိုသည်။
ရှမ်းတောင် လွိုင်လင်မှာ တောင်ကျရေကြောင့် နေအိမ် ၅၀ ကျော် ရေထဲမျောပါ၊ လူ ၂၀ ဦးသေဆုံး
(ရေဘေးသင့်ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ) ရှမ်းပြည်နယ် တောင်ပိုင်းဒေသ လွိုင်လင်မြို့နယ်မှာ မိုးသည်းထန်၍ တောင်ကျရေများကြောင့် ခေါင်းနွဲ့ကျေးရွာအုပ်စုက နေအိမ် ၅၀ ကျော် ရေထဲမျောပါသွားကာ ဒေသခံပြည်သူ ၂၀ ရေနစ်မြုပ်သေဆုံးသွားကြောင်း သိရသည်။ စက်တင်ဘာလ ၁၂ ရက်နေ့စပြီး မိုးသည်းထန်စွာရွာသွန်းနေပြီး တောင်ကျရေများကြောင့် ချောင်းရေမြင့်တက်ကာ ခေါင်းနွဲ့၊ အိမ်ခတ်၊ နောင်နိမ့်၊ နော်ပိန်၊ လပ်လှိုင်ကုံလွမ် စသည့်ကျေးရွာများက နေအိမ် ၅၀ ကျော် မျောပါသွားကြောင်း ကူညီကယ်ဆယ်ရေးလုပ်သူများက ပြောဆိုကြသည်။ အိမ်ခတ်ကျေးရွာက နေအိမ် ၂၅ လုံး၊ စာသင်ကျောင်း ၃ ဆောင် ရေထဲမျောပါသွားကာ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၆ ဦး စုစုပေါင်း
ရေဘေးသင့်ဒေသများအတွက် စစ်ခေါင်းဆောင်၏ ကတိကဝတ်
(မှတ်စုသတင်းတို) ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေပြည်တော်၊ ကယား၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်းနှင့် ဧရာဝတီက မြို့နယ် ၅၆ မြို့နယ်မှာ ပြည်သူ ၆ သိန်းကျော် ရေဘေးသင့်နေရပြီး လယ်ယာလုပ်ငန်းပျက်စီးမှုနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ပြည်သူ ၂၆၈ ဦး သေဆုံးခဲ့ပြီး ၈၈ ဦး ပျောက်ဆုံးလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ လက်ရှိ နေပြည်တော်က ရေဘေးသင့်ဒေသများကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်နေပြီး ရေဘေးသင့်ပြည်သူများကို ကတိကဝတ်များ ပေးနေသည်။ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ရာတွင် ဦးစားပေးအနေဖြင့် ရေကြီးမှုကြောင့် ပျက်စီးမှုနှင့် ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည့် လမ်းကြောင်းများကို