မဲဆောက်တွင် ပြောင်းစေ့များထည့်ထားသည့် ကားတွင် ပုန်းအောင်း လိုက်ပါလာသည့် မြန်မာ ၈ဦး ဖမ်းဆီးခံရ
ထိုင်းနှင့် မြန်မာနယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ မဲဆောက်မြို့အထွက်တွင် ပြောင်းစေ့များထည့်ထားသည့် ကားတွင် ပုန်းအောင်း လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၈ဦး ဖမ်းခံလိုက်ကြောင်း ထိုင်းအခြေစိုက် သတင်း ဌာနများက ဖော်ပြသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁နာရီ ဝန်းကျင်အချိန်က မဲဆောက်မြို့အထွက်ရှိ ဟွေ့ဟင်ဖွန် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားတစ်စီးအား ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရှာဖွေရာ ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့မှာ တရားမဝင်တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာမှု ကားပေါ်တွင် ပြောင်းစေ့များ တင်ဆောင်လာသည့် အောက်တွင် ပုန်းအောင်းလိုက်ပါလာခြင်း ဖြစ်ပြီး စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ဖမ်းဆီးခံရမှုတွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ဦးတို့ ဖြစ်ပြီး
ထိုင်းနိုင်ငံမှာ ၃ ရက်အတွင်း အထောက်အထားမဲ့ မြန်မာ ၃၃၀ ကျော် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃ ရက်အတွင်း ၃၃၄ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ ဇန်နဝါရီလ ၂၉ ရက် နံနက် ၁ နာရီက ၂၁ ဦး၊ နံနက် ၅ နာရီက ၁၁၈ ဦးနှင့် ညနေ ၁၀ နာရီတွင် ၂၆ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။ ဆက်လက်ပြီး ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်လည်း ထရပ်ကားအတွင်း ခိုးဝှက်လိုက်လာသော မြန်မာနိုင်ငံသား ၁၆၉ ဦး ထပ်မံဖမ်းဆီးခံရသည်။ ၂၁ ဦးကို ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် ဖုတ်ဖရမြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား