ပုဂံရှေးဟောင်း ဘုရားတစ်ဆူ မိုးရွာသွန်းမှုကြောင့် ပြိုကျပျက်စီး
ဓါတ်ပုံသတင်း မိုးလေဝါသ သတင်း
1 min read
35

ပုဂံရှေးဟောင်း ဘုရားတစ်ဆူ မိုးရွာသွန်းမှုကြောင့် ပြိုကျပျက်စီး

September 13, 2024
0

ရှေးဟောင်းယာဉ်ကျေးမှုနယ်မြေ ပုဂံဒေသက ရှေးဟောင်းဘုရား ၁ ဆူ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း မိုးရွာသွန်းမှု များပြားလာချိန် မိုးရေစီမ့်ဝင်ခြင်းကြောင့် ပြိုကျပျက်စီးသွားကြောင်း သိရသည်။ ပြိုကျသွားသည့် ဘုရားမှာ ပုဂံမြို့သစ်၊ ရွှေလောင်းရပ်ကွက်က ဘုရားအမှတ် ၁၀၄၂ ဖြစ်ကြောင်း ကနဦးသိရှိရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပါအဝင် နိုင်ငံတဝှမ်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သမိုင်းတန်ဘိုးမြင့်မားသည့် အရာဝတ္ထုများ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်း သိရသည်။ ဓါတ်ပုံ – Ko Htun Yati (ConnectBurma သတင်းဌာနသည် Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သည်)

Continue Reading
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်တိုးလာ
သတင်း
1 min read
270

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်တိုးလာ

April 5, 2024
0

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအရေအတွက် ၁၀၀၀ ကျော်တိုးလာကြောင်း ဧပြီလ ၄ ရက်နေ့က ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအေဂျင်စီ ယူနီဆက်ဖ်က ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။  မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ အပါအဝင် အရပ်သား အသေအပျောက် အရေအတွက်သည် ယမန်နှစ်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်း ယူနီဆက်ဖ်က ပြောသည်။  မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကြောင့် အသေအပျောက် ၂၇၀ ရာခိုင်နှုန်း ခုန်တက်သွားကာ ၂၀၂၃ ခုနှစ်တွင် ၁၈၈ ဦး သေဆုံးကာ ၈၆၄ ဦး ဒဏ်ရာရရှိခဲ့သည်။  ၂၀၂၂ ခုနှစ်တွင် အသေအပျောက် ၃၉၀ ထက်မနည်း တိုးမြင့်လာခဲ့ပြီး ယမန်နှစ်က မြေမြှုပ်မိုင်းဒဏ်ခံရသူအားလုံး၏

Continue Reading