စစ်ကောင်စီကို လက်နက်ရောင်းသော အိန္ဒိယကုမ္ပဏီကို ဆွီဒင် အရေးယူ
စစ်ရေး မှုခင်း သတင်း
1 min read
0

စစ်ကောင်စီကို လက်နက်ရောင်းသော အိန္ဒိယကုမ္ပဏီကို ဆွီဒင် အရေးယူ

မတ် ၂၀ - ၂၀၂၅
0

အာဏာသိမ်း မြန်မာစစ်တပ်ကို လက်နက်ပစ္စည်းများ ရောင်းပေးခဲ့သော အိန္ဒိယစစ်လက်နက်ကုမ္ပဏီ Bharat Electronics Limited (BEL) အား ဆွီဒင် ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှုစာရင်းမှ ဖယ်ထုတ်လိုက်ကြောင်း သိရသည်။ မြန်မာစစ်တပ်ကို လက်နက်ရောင်းသော အိန္ဒိယစစ်လက်နက်ကုမ္ပဏီ BEL အား ဆွီဒင်နိုင်ငံမှ အရေးယူခြင်းအပေါ် ကြိုဆိုကြောင်း Justice For Myanmar က ယနေ့ မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို နှစ်ပေါင်းများစွာ အားပေးကူညီလာခဲ့တဲ့ BEL ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုစာရင်းက ဖယ်ထုတ်ခဲ့တဲ့ ဆွီဒင် ပင်စင်ရန်ပုံငွေရဲ့ လုပ်ဆောင်ချက်ကို

Continue Reading
စစ်တွေမြို့အနီးမှာ လက်နက်ကြီး ပစ်ခတ်သံများကြားရ
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့အနီးမှာ လက်နက်ကြီး ပစ်ခတ်သံများကြားရ

ဖေ‌ဖော်ဝါရီ ၈ - ၂၀၂၅
0

ရခိုင်ပြည် စစ်တွေမြို့အနီးမှာ ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၀ နာရီကျော်အချိန်က ကျယ်လောင်သည့် လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း စစ်တွေမြို့ခံများက ပြောသည်။ စစ်တွေမြို့ခံများမှာ နေရာအတိအကျ မသိကြသော်လည်း အမြင့်ကျွန်းနှင့် ပါဒလိတ်ဘက်တွင် ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။ “မနေ့ညက လက်နက်ကြီးသံတွေ ၁၀ နာရီကျော်လောက်မှာ စကြားရတယ်။ ဘယ်သူတွေ ပစ်တာလဲတော့ မသိဘူး။ တော်တော်ကို အသံမြည်တာ။ ၁၂ နာရီကျော် ၁ နာရီလောက်မှာ လေယာဉ်သံတွေကြားရတယ်။ ဟိုက်စကီးဆင်းတာလည်း ကြားရတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက စစ်တွေမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအချို့ကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု

Continue Reading
မကွေးက မဲဇလီ ရဲစခန်းကို AA ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ စစ်ကောင်စီ အထိအခိုက်များဖြင့် ဆုတ်ခွာ
စစ်ရေး သတင်း
1 min read
0

မကွေးက မဲဇလီ ရဲစခန်းကို AA ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ စစ်ကောင်စီ အထိအခိုက်များဖြင့် ဆုတ်ခွာ

ဖေ‌ဖော်ဝါရီ ၂ - ၂၀၂၅
0

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဲဇလီ ရဲစခန်းကို AA နှင့် PDF၊ CDF – ASHO တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များ ဒဏ်ရာများဖြင့် ဆုတ်ခွာသွားကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။ ဖေဖော်ဝါရီ ၁ရက်နေ့ နေလယ် ၁နာရီကျော်က မုံရွာလမ်းမကြီး မဲဇလီ ရဲစခန်းကို အာရက္ခတပ်တော် AA နှင့် ပြည်သူ့ ကာကွယ်ရေးတပ် PDF၊ ကာကွယ်ရေးတပ် – အရှို တို့ပူပေါင်းအဖွဲ့ တို့က ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “AA ပူးပေါင်းတပ်ဖွဲ့တွေက မဲဇလီ ရဲစခန်းကိုဝင်တိုက်တာဗျ၊ တိုက်ပွဲက

Continue Reading
စစ်အာဏာသိမ်း ၄ နှစ်ပြည့် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြမည်
သတင်း
1 min read
0

စစ်အာဏာသိမ်း ၄ နှစ်ပြည့် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြမည်

ဖေ‌ဖော်ဝါရီ ၁ - ၂၀၂၅
0

အာဏာသိမ်းမှု ဆန့်ကျင်သော ဆန္ဒပြပွဲတစ်ခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း Milk Tea Alliance Thailand က ထုတ်ပြန်လာသည်။ အဆိုပါ ဆန္ဒပြပွဲ ယနေ့ ညနေ ၄ နာရီမှာ ကျင်းပသွားမည်ဟု သိရပြီး အဆိုပါအဖွဲ့သည် ထိုင်းတက္ကသိုလ်က ကျောင်းသားလူငယ်များ စုဖွဲ့ထားသော အဖွဲ့ဖြစ်ပြီး အာရှဒေသတွင်း ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အဖွဲ့လည်းဖြစ်သည်။ မြန်မာနိုင်ငံကို အမုန်းပွားဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ သတင်းအတုတွေနဲ့ ထိုင်းလူမျိုးတွေအပေါ် လှုံ့ဆော်နေတာကိုလည်း ရပ်ကြရန် Milk Tea Alliance Thailand ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Continue Reading
မြန်မာစစ်တပ်က အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေဟု နိုင်ငံတကာပြော
စစ်ရေး သတင်း
0 min read
0

မြန်မာစစ်တပ်က အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေဟု နိုင်ငံတကာပြော

ဖေ‌ဖော်ဝါရီ ၁ - ၂၀၂၅
0

ပဋိပက္ခဖြစ်ပွားခြင်းမရှိသော ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများ မြင့်မားလာခြင်းသည် အာဏာသိမ်း စစ်ကောင်စီ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ အရှိန်မြှင့် ဆောင်ရွက်နေခြင်းကို အထင်းသားပေါ်လွင်စေသည်ဟု နိုင်ငံတကာက ပြောဆိုကြသည်။ ယနေ့ ပြည့်မြောက်သည့် မြန်မာစစ်တပ်၏ အာဏာသိမ်းခြင်း ၄ နှစ်ပြည့်နေ့တွင် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပူးတွဲကြေညာချက်ထုတ်ပြန်ကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယနေ့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျတင်မြှောက်ထားသည့် အစိုးရကို မြန်မာစစ်အာဏာရှင်က ဖယ်ရှားခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံးသော အကျပ်အတည်းများထဲမှ တစ်ခုကိုဖန်တီးခဲ့ခြင်း လေးနှစ်ပြည့်မြောက်သည့်နေ့ ဖြစ်သည်ဟု ဆိုသည်။ အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာပြည်သူပြည်သားများသည် ၎င်းတို့၏ အခွင့်အရေးများ၊ ဒီမိုကရေစီမျှော်လင့်ချက်များ ပျောက်ကွယ်ဆုံးရှုံနေပြီး ထောင်ပေါင်းများစွာသော

Continue Reading
စစ်ကောင်စီက အာဏာသိမ်းကာလ ထပ်မံ သက်တမ်းတိုး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီက အာဏာသိမ်းကာလ ထပ်မံ သက်တမ်းတိုး

ဇန်နဝါရီ ၃၁ - ၂၀၂၅
0

မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်း စစ်အုပ်ချုပ်ရေးကာလကို နောက်ထပ် ၆ လ ထပ်မံသက်တမ်းတိုးလိုက်ကြောင်း သိရသည်။ အာဏာသိမ်း ကာလ ၄ နှစ်ပြည့်ပြီးနောက်မှာ ထပ်မံ သက်တမ်းတိုးခြင်းဖြစ်သည်။ မိမိကိုယ်ကို ယာယီသမ္မတ ခန့်အပ်ထားသော မင်းအောင်လှိုင်က ပြည်လုံးကျွတ် ရွေးကောက်ပွဲကျင်းပရန် လက်ရှိ နိုင်ငံတော်၏အခြေအနေများမှာ တည်ငြိမ်ရန် လိုအပ်နေသည့်အတွက်ဟု အကြောင်းပြသည်။ စစ်အုပ်ချုပ်ရေးကို ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ပြီး အာဏာအား မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းထားကြောင်း အမျိုးသားကာကွယ်ရေးနှ င့်လုံခြုံရေးကောင်စီက ယနေ့ နံနက်ပိုင်းတွင် ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က

Continue Reading
ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ ၈ ဦးထက်မနည်းရှိဟု ကနဦး သိရ
စစ်ရေး သတင်း
1 min read
0

ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ ၈ ဦးထက်မနည်းရှိဟု ကနဦး သိရ

ဇန်နဝါရီ ၁၁ - ၂၀၂၅
0

ရခိုင်ပြည် ကျောက်တော်မြို့ လူနေရပ်ကွက်များနှင့် ဈေးကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီကျော်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဆေးရုံသွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက “သေဆုံးသူ ၈ ဦးလောက်ရှိတယ်လို့ ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ အဲထက်လည်း ပိုကောင်းပိုနိုင်ပါတယ်။ ဒဏ်ရာရသူက ၂၀ လောက်တောင်ရှိတယ်လို့ ပြောတယ်။ တာဝန်ရှိသူတွေ ထုတ်ပြန်လာမယ်ထင်ပါတယ်” ဟု ပြောသည်။ ကျောက်တော်မြို့သည် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် မြို့နယ်ထဲက တစ်ခုဖြစ်သည်။ ကျောက်တော်မြို့သည် အာရက္ခတပ်တော် AA ထိန်းချုပ်သိမ်းပိုက်ထားသော မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ဟည်။ အာရက္ခတပ်တော် AA ကလည်း

Continue Reading
စစ်တွေ ခံစစ်အတွက် စစ်မှုထမ်း မွတ်ဆလင် ၁၀၀၀ ကျော် ပြင်ဆင်ထား၊စစ်ကောင်စီက မွတ်ဆလင်များကို စစ်မှုထမ်းရန် ဆက်လက်ခေါ်ယူနေ
စစ်ရေး သတင်း
1 min read
0

စစ်တွေ ခံစစ်အတွက် စစ်မှုထမ်း မွတ်ဆလင် ၁၀၀၀ ကျော် ပြင်ဆင်ထား၊စစ်ကောင်စီက မွတ်ဆလင်များကို စစ်မှုထမ်းရန် ဆက်လက်ခေါ်ယူနေ

ဇန်နဝါရီ ၁၀ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသော ရခိုင်ပြည်၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့များ အလုံးအရင်းဖြင့် တိုးမြှင့် ချထားပြီး ခံစစ် အသင့်အနေထား ပြင်ဆင်ထားကြောင်း သိရသည်။ ယင်းမြို့ထဲတွင် ရခိုင်ပြည်၊ မြောက်ပိုင်း လက်ကျန် မြို့နယ်ဖြစ်သော စစ်တွေမြို့နယ်မှာ မွတ်ဆလင် စစ်သင်တန်းဆင်း ၁၀၀၀ ကျော်ဖြင့် စစ်တွေမြို့အတွင်း တပ်ရင်းများကို ပို့ဆောင်ထားပြီး ထိုးစစ်ကို ခုခံရင် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။ စစ်တွေမြို့နယ်ရှိ ဘုမေ၊ ဘာဆာ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ အုန်းတောကြီးစသည့်ကျေးရွာ အပါအဝင် ဒုက္ခသည်စခန်းတို့မှ မွတ်ဆလင်တွေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စစ်သင်တန်းတက်ရောက်စေရန် စစ်ကောင်စီက ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အုန်းတောကြီးကျေးရွာ

Continue Reading
AA ဝင်တိုက်တော့မည်ဟု သတင်းကြောင့် ကျောက်ဖြူမြို့တွင် စစ်ကောင်စီ စစ်ဆေးရေးကြမ်းနေ
စစ်ရေး သတင်း
1 min read
0

AA ဝင်တိုက်တော့မည်ဟု သတင်းကြောင့် ကျောက်ဖြူမြို့တွင် စစ်ကောင်စီ စစ်ဆေးရေးကြမ်းနေ

ဇန်နဝါရီ ၇ - ၂၀၂၅
0

အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းပြီးနောက် ကျောက်ဖြူမြို့ကို ဇန်နဝါရီလအတွင်း အာရက္ခတပ်တော် AA က ဝင်တိုက်တော့မည်ဟု ကောလာဟလ သတင်းကြောင့် ကျောက်ဖြူမြို့အတွင်း စစ်ကောင်စီက ယခင်ထက် ပိုတင်းကျပ်စွာ စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။ လေဆိပ်၊ မြို့အဝင် ကျောက်တစ်လုံးဂိတ်နှင့် ဂျပန်မဆိပ်ကမ်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခင်ထက် စစ်ဆေးရေးတင်ကြပ်ပြီး ငွေတောင်းယူခြင်းများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်ဖြူမြို့ကတစ်ဆင့် ရခိုင်မြောက်ပိုင်းဘက်သို့ သွားရောက်ရန် ထိုင်းနှင့် မလေးရှားပြန် လူကြီးလူငယ်အများအပြား ရန်ကုန်မြို့တွင် စောင့်ဆိုင်းနေကြသည်။ “အခု ရက်ပိုင်း ကျောက်ဖြူမြို့က အစစ်အဆေး ကြမ်းနေတော့ ခဏဆိုင်းထားပါတယ်။ နည်းနည်းငြိမ်မှ သွားမလို့ပါ။ စောင့်နေတာတော့ လဝက်လောက်တော့ ရှိပြီ။ မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာနိုင်လို့ဆိုပြီး

Continue Reading
နိုင်ငံရေးအရ ဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း စစ်ကောင်စီက ရခိုင်ကို နေ့စဉ် ဗုံးကြဲနေ
စစ်ရေး သတင်း
1 min read
0

နိုင်ငံရေးအရ ဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း စစ်ကောင်စီက ရခိုင်ကို နေ့စဉ် ဗုံးကြဲနေ

ဇန်နဝါရီ ၃ - ၂၀၂၅
0

(စစ်ကောင်စီ ဗုံးကြဲ၍ မြေပုံနှင့် ပုဏ္ဏားကျွန်းမှာ အရပ်သား ထိခိုက်သေဆုံးမှုရှိ) အာရက္ခတပ်တော် AA သည် နိုင်ငံရေးအရ ဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်ထဲက မြို့နယ်များကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသည်။ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်စောစောပိုင်း ၁ နာရီကျော်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့က ဆေးရုံနှင့် စာသင်ကျောင်းတို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။ “စစ်ကောင်စီဟာ နှစ်ကြိမ်တိုင်တိုင် ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ကမ်းထောင်းကြီးဆေးရုံနဲ့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်သေဆုံးသွားပါတယ်။ ဆေးရုံနဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားပါတယ်” ဟု မြေပုံမြို့ခံတစ်ဦးက ပြောသည်။ သေဆုံးသူ

Continue Reading