နိုင်ငံတစ်ဝှမ်း ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၆၃၀,၀၀၀ ကျော် ထိခိုက်
မိုးလေဝါသ သတင်း
1 min read
67

နိုင်ငံတစ်ဝှမ်း ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၆၃၀,၀၀၀ ကျော် ထိခိုက်

September 17, 2024
0

မြန်မာနိုင်ငံတစ်ဝှမ်း ရေလွှမ်းမိုးမှုများကြောင့် ခန့်မှန်းခြေ လူဦးရေ ၆၃၁,၀၀၀ ထိခိုက်ခံရဖွယ်ရှိကြောင်း ယူအန်အိုချာ (မြန်မာ) က ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများထံမှ အချက်အလက်များနှင့် ရရှိနိုင်သော မီဒီယာအစီရင်ခံစာများအပေါ် အခြေခံထားပြီး ကိန်းဂဏန်းများသည် ပြောင်းလဲနိုင်သည်ဟု သိရသည်။ အဆိုပါ ရေဘေးသင့် လူဦးရေ ၆ သိန်းကျော်မှာ နေပြည်တော်၊ ပဲခူး၊ ကယား (ကရင်နီ)၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသက မြို့နယ် ၅၉ ခုမှ ဒေသခံပြည်သူများဖြစ်ကြောင်း ယူအန်အိုချာ (UNOCHA) က ဆိုသည်။ ရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်ပြည်သူအပါအဝင် ကူညီကယ်ဆယ်ရေးလုပ်သူများ စုစုပေါင်း

Continue Reading
ပုဂံရှေးဟောင်း ဘုရားတစ်ဆူ မိုးရွာသွန်းမှုကြောင့် ပြိုကျပျက်စီး
ဓါတ်ပုံသတင်း မိုးလေဝါသ သတင်း
1 min read
35

ပုဂံရှေးဟောင်း ဘုရားတစ်ဆူ မိုးရွာသွန်းမှုကြောင့် ပြိုကျပျက်စီး

September 13, 2024
0

ရှေးဟောင်းယာဉ်ကျေးမှုနယ်မြေ ပုဂံဒေသက ရှေးဟောင်းဘုရား ၁ ဆူ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း မိုးရွာသွန်းမှု များပြားလာချိန် မိုးရေစီမ့်ဝင်ခြင်းကြောင့် ပြိုကျပျက်စီးသွားကြောင်း သိရသည်။ ပြိုကျသွားသည့် ဘုရားမှာ ပုဂံမြို့သစ်၊ ရွှေလောင်းရပ်ကွက်က ဘုရားအမှတ် ၁၀၄၂ ဖြစ်ကြောင်း ကနဦးသိရှိရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပါအဝင် နိုင်ငံတဝှမ်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သမိုင်းတန်ဘိုးမြင့်မားသည့် အရာဝတ္ထုများ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်း သိရသည်။ ဓါတ်ပုံ – Ko Htun Yati (ConnectBurma သတင်းဌာနသည် Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သည်)

Continue Reading
နေပြည်တော်တွင် ရေကြီးမှုကြောင့် လူ ၁၉ ဦး သေဆုံး
မိုးလေဝါသ သတင်း
0 min read
31

နေပြည်တော်တွင် ရေကြီးမှုကြောင့် လူ ၁၉ ဦး သေဆုံး

September 13, 2024
0

နေပြည်တော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လာခဲ့ရာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၉ ဦး သေဆုံးပြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ် အပါအဝင် မြို့နယ်များ အတွင်းရှိ ကျေးရွာများမှ ပြည်သူ ပေါင်း ၃၆၀၂ ဦးကို မီးသတ်ဦးစီး ဌာန၏ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်နိုင်ခဲ့သည်။ ကနဦးသတင်းများအရ အမျိုးသား ၆ ဦး သေဆုံးပြီး အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ကြောင်း သေဆုံးသူအရေအတွက် ဆက်လက် လာဖွယ်ရှိကြောင်း

Continue Reading
အကြမ်းဖက် ဘုန်းကြီးအတု ဟု ဂျာမန်ရောက် မြန်မာများက သီတဂူကို ကန့်ကွက် ဆန္ဒပြ
နိုင်ငံရေး သတင်း
1 min read
181

အကြမ်းဖက် ဘုန်းကြီးအတု ဟု ဂျာမန်ရောက် မြန်မာများက သီတဂူကို ကန့်ကွက် ဆန္ဒပြ

July 4, 2024
0

အာဏာသိမ်း စစ်ကောင်စီနှင့် အကြမ်းဖက်မှုများကို အားပေး အားမြှောက်ပြုလုပ်နေမှုကြောင့် ဝေဖန်ခြင်းခံနေရသည့် သီတဂူဘုန်းကြီး ဦးဉာဏိဿရကို ဂျာမန်ရောက် မြန်မာများက ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၃ ရက်နေ့ ဂျာမနီရောက်တော်လှန်ရေးအင်အားစုများက သီတဂူဘုန်းကြီး၏ အပြန်ခရီးကို သတင်းရရှိသဖြင့် Frankfurt လေဆိပ် စုဝေးရောက်ရှိပြီး ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်စာများကိုလည်း ဂျာမန်နှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည်။ ဆန္ဒပြသူများက စစ်အာဏာရှင်အားပေးသည့် အကြမ်းဖက်ဘုန်းကြီးအတုကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သီတဂူဘုန်းကြီးတို့ ယှဉ်တွဲနေသော ဓာတ်ပုံများကိုလည်း အကြမ်းဖက် သမားများ ဟု ရေးသားထားသည်။ အကြမ်းဖက်ဘုန်းကြီးအတုကို ကန့်ကွက်ရှုတ်ချကြောင် ကန့်ကွက်စာများကိုလည်း ဂျာမန်နှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသော လက်ကမ်းစာစောင်များကိုလည်း

Continue Reading
ဒေါ်လာဈေး ၄၆၀၀ ကျပ်ရှိပြီး အခေါက်ရွှေ တစ်ကျပ် ၅၅ သိန်းကျော်ရှိနေ
စီးပွားရေး သတင်း
1 min read
110

ဒေါ်လာဈေး ၄၆၀၀ ကျပ်ရှိပြီး အခေါက်ရွှေ တစ်ကျပ် ၅၅ သိန်းကျော်ရှိနေ

July 4, 2024
0

မြန်မာပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၆၀၀ ကျော်သို့ စျေးမြင့်တက်နေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်းကျော်အထိ စျေးပေါက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ စစ်ကောင်စီက အိမ်ရာချေးငွေများကို ဗဟိုဘဏ် သတ်မှတ်ဈေးထက် ကျော်လွန်ချေးငှားသည်ဟုဆိုကာ ပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူမည်ဟု ထုတ်ပြန်ကြေညာထားသည်။ ယင်းအပြင် ဂျပန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အပါအဝင် ဆန်ကုန်သည်များကို ဖမ်းဆီးခြင်းတို့ကြောင့် စီးပွားရေးအရ ဆုတ်ယုတ်မှုများစွာ ဖြစ်ပေါ်နေ၍ ပြည်တွင်းစီးပွားရေး အခြေအနေများ ပိုမို ကျဆင်းလာကြောင်း သိရသည်။ ကျပ်ငွေတန်ဖိုးမှာလည်း ပြန်လည် မြင့်တက်လာခြင်းမရှိဘဲ ဆက်လက် ကျဆင်းနေဆဲပင်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးသမားတချို့နှင့် ရွှေကုန်သည်တချို့က ရှင်းပြသည်။ UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်က “ရွှေအရောင်းအဝယ် ဒေါ်လာ

Continue Reading
Facebookနှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ဝင်းကျော်နှင့် ခင်ကေခိုင်က အဓိကပါဝင်
သတင်း
1 min read
177

Facebookနှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ဝင်းကျော်နှင့် ခင်ကေခိုင်က အဓိကပါဝင်

June 21, 2024
0

မြန်မာနိုင်ငံတွင် Facebook နှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ကုမ္ပဏီ အုပ်စုမှ ဝင်းကျော်၊ ခင်ကေခိုင်တို့က အဓိက ပါဝင်ပတ်သက်နေကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ပြောဆိုသည်။ Mascots Group သည် စစ်အုပ်စုက လုပ်ကိုင်နေသည့် အင်တာနက်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်မှုစနစ်တွင် ထဲထဲဝင်ဝင်ပါဝင်ပြီး Mascots Group ၏ ဆက်စပ်ကုမ္ပဏီများနှင့် မြန်မာစစ်တပ်တို့အကြားတွင်လည်း စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေကြောင်း ဆိုသည်။ အင်တာနက်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်မှု လုပ်ငန်းကြောင့် Mascots Group ကုမ္ပဏီအနေဖြင့် စစ်အုပ်စု ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်သွားခဲ့ပြီး ယင်းသည် ဖက်ဒရယ်

Continue Reading