နေထိုင်ခွင့် သက်တမ်းတိုးဈေးနှုန်း ပိုကောက်ခံနေ၍ ထိုင်း ကားတာယာအလုပ်ရုံမှာ မြန်မာလုပ်သား ၁၂၀၀ ကျော်ဆန္ဒပြ
ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်က ကားတာယာအလုပ်ရုံတွင် အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသား ၁၂၀၀ ကျော်မှာ နေထိုင်ခွင့် သက်တမ်းတိုးခ သတ်မှတ်ဈေးနှုန်းထက် ပိုကောက်ခံနေ၍ ဆန္ဒပြနေကြကြောင်း သိရသည်။ နေထိုင်ခွင့် သက်တမ်းတိုးခ အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၉၀၀၀ ကောက်ခံနေ၍ ဈေးနှုန်းသက်သာ မှန်ကန်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည်ဟု မြန်မာအလုပ်သမားအရေး ကူညီနေသူ အေအေစီ ကိုရဲမင်းက ပြောသည်။ “စက်ရုံက ကားတာယာအလုပ်ရုံဖြစ်ပါတယ်။ မြန်မာအလုပ်သမာ လူဦးရေ ၁၂၀၀ ကျော်ရှိတဲ့ အလုပ်ရုံကြီးဖြစ်ပါတယ်။။ Work permit ၊ Visa ၂ နှစ် သက်တမ်းတိုး တစ်ဦးကို ၉၀၀၀ တောင်းနေတဲ့အတွက် အလုပ်သမားတွေက ညှိနှိုင်းပေးဖို့ ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေက သင့်တင့်မျှတတဲ့
ဘန်ကောက် ကားပစ္စည်းရုံတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် တစ်ဦး ထိုင်းဘတ် ၁၃,၀၀၀ တောင်းခံနေ၍ မြန်မာအလုပ်သမား ၄၀၀ ကျော် ဆန္ဒပြ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စမွန်ပကန်ခရိုင်ရှိ ကားပစွည်းထုတ်လုပ်ရေးစက်ရုံတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက်ဟုဆိုကာ တစ်ဦးလျှင် ထိုင်းဘတ် ၁၃၀၀၀ တောင်းခံနေ၍ မြန်မာအလုပ်သမား ၄၀၀ ကျော်ဆန္ဒပြကြကြောင်း အလုပ်သမားများက ပြောသည်။ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ ဘန်ကောက်မြို့၊ စမွန်ပကန်ခရိုင် စွယ်ပီတာအနီးရှိ CH AUTO PART ကုမ္ပဏီ၏ ကားပစွည်းထုတ်လုပ်ရေးရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၄၀၀ ကျော်ထံမှ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက် စက်ရုံကိုယ်စားလှယ်က တစ်ဦးလျှင် ထိုင်းဘတ် ၁၃၀၀၀ အထိ တောင်းခံနေသည်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ကုန်ကျစရိတ်သည် ထိုင်းဘတ် ၈၅၀၀ ဝန်းကျင်သာ ကုန်ကျသော်လည်း ထိုင်းဘတ် ၁၃၀၀၀ အထိ တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။