ရခိုင်က မြိုရိုးရာ ရက်ကန်းလုပ်ငန်း ဆက်ခံသူမရှိဖြစ်လာ
စီးပွားရေး သတင်း
0 min read
0

ရခိုင်က မြိုရိုးရာ ရက်ကန်းလုပ်ငန်း ဆက်ခံသူမရှိဖြစ်လာ

မတ် ၁၂ - ၂၀၂၅
2

ရခိုင်ပြည်က မျိုးနွယ်တစ်ခုဖြစ်သည့် မြိုတိုင်းရင်းသားများထဲတွင် မြိုရိုးရာ ရက်ကန်းလုပ်ကိုင်ရန် ဆက်ခံသူမရှိဖြစ်လာကြောင်း သိရသည်။ မြိုရိုးရာ ရက်ကန်းလုပ်ငန်းကို မြိုအမျိုးသမီးတိုင်း နှစ်စဉ် ဆက်ခံလေ့ရှိသော်လည်း ယခုနှစ်တွင် ဆက်ခံသူမရှိဖြစ်လာကြောင်း မြိုအမျိုးသမီးများက ပြောသည်။ ကျောက်တော်မြို့နယ်မှ မြိုရိုးရာရက်ကန်းထည်များ ရက်လုပ်သူ အမျိုးသမီးတစ်ဦးက “ဒီဂျပ်ခုတ်အလုပ်က မြိုအမျိုးသမီးကြီးငယ်မရွေး တတ်ကြပါတယ်။ ဝင်ငွေပိုင်းလေးအဆင်ပြေတော့ ဒီဂျပ်ခုတ်အလုပ်နဲ့ပဲ အသက်မွေးကြတာများတယ်လေ။ ခုနောက်ပိုင်းကျတော့ အထည်တွေက ဝယ်မယ့်သူတွေမရှိတော့တာနဲ့ မလုပ်ကြတော့ဘဲ ရပ်လိုက်ကြရတာ။ နောက်ပိုင်း အမျိုးသမီးငယ်လေးတွေလည်း တစ်ခြား ဝင်ငွေအဆင်ပြေမယ့် အလုပ်ကိုင်တွေကိုလုပ်ရင်း ဒီဂျပ်ခုတ်အလုပ်ကို မသင်ဖြစ်ကြတော့ဘူး” ဟု ပြောသည်။ မြိုလူမျိုးများတွင် လက်ရက်ထည်များရက်လုပ်ခြင်းနှင့် ရက်ကန်းခတ်ခြင်းကို ဂျပ်ခုတ်သည်ဟုခေါ်ဆိုကြပြီး မြိုလူမျိုးများ၏ နေအိမ်တိုင်းတွင် ဂျပ်ခုတ်စင် (ရက်ကန်းစင်) တစ်စင်ခန့် ရှိမြဲဖြစ်သည်။

Continue Reading
အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်ရန် မောင်တောက မြိုလူမျိုးများ ၁၀၀ ခန့် ဆန္ဒဖော်ထုတ်
စစ်ရေး သတင်း
1 min read
0

အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်ရန် မောင်တောက မြိုလူမျိုးများ ၁၀၀ ခန့် ဆန္ဒဖော်ထုတ်

ဖေ‌ဖော်ဝါရီ ၂၄ - ၂၀၂၅
0

ရခိုင်ပြည် မောင်တောဒေသက စစ်မှုထမ်းရန် ခေါ်ယူခံထားရသည့် မြိုတိုင်းရင်းသားများမှာ အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်မည် ကြွေးကြော်ကာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။ ရာနှင့်ချီ ပါဝင်သော မြိုတိုင်းရင်းသားများမှာ AA ၏ အာရက္ခပြည်သူ့အစိုးရ အလံတော်ကို ကိုင်ဆောင်ကာ “အာရက္ခတိုင်းပြည်ကို ငါတို့ပါဝင်တည်ဆောက်မယ်” ဟု ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ မောင်တောမြို့နယ်တွင် မြိုတိုင်းရင်းသားကျေးရွာအချို့မှ လူပေါင်း ၁၀၀ ကျော်ကို ယခုနှစ်အတွင်း အာရက္ခတပ်တော် AA က ရပ်ရွာကာကွယ်ရေး ပြည်သူ့စစ်သင်တန်းအတွက် ခေါ်ယူပြီးနောက် ယင်းကဲ့သို့ ချီတက်ဆန္ဒဖော်ထုတ်ပွဲကို တွေ့ရခြင်းဖြစ်သည်။ အာရက္ခတိုင်းပြည်အတွက် မောင်တောမြောက်ပိုင်းဒေသက မြိုလူမျိုးများ၏ သဘောဆန္ဒဟုဆိုကာ ကြွေးကြော်သံ ၃ ခုပါဝင်သော ချီတက်ပွဲကို မြိုလူငယ်များအစည်းအရုံး

Continue Reading
မောင်တောက မြိုလူမျိုးများ စစ်မှုထမ်း ဖမ်းဆီးမှုကိစ္စ အာရက္ခတပ်တော် AA ဝန်ခံ
စစ်ရေး သတင်း
1 min read
0

မောင်တောက မြိုလူမျိုးများ စစ်မှုထမ်း ဖမ်းဆီးမှုကိစ္စ အာရက္ခတပ်တော် AA ဝန်ခံ

ဇန်နဝါရီ ၂၄ - ၂၀၂၅
0

ရခိုင်ပြည် မောင်တောမြို့နယ်က မြိုလူမျိုးများကို AA က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ယူသွားခြင်းအပေါ် အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ဇန်နဝါရီလ ၂၃ ရက်တွင် ဟုတ်မှန်ကြောင်း ဝန်ခံပြောဆိုလိုက်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး မောင်တောမြို့နယ် ကျေးရွာ ၁၀ ရွာမှ လူပေါင်း ၉၁ ဦး အာရက္ခတပ်တော် AA က စစ်မှုထမ်းရန် ခေါ်ယူသွားသည်ဟု မိသားစုဝင်များနှင့် မြိုအချို့က Western News ကို ပြောဆိုထားသည်။ မြိုလူမျိုးများအား စစ်မှုထမ်းရန် ခေါ်ယူခြင်းရှိမရှိနှင့် ပတ်သက်၍ မီဒီယာများမေးမြန်းမှုအပေါ် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ယခုလိုတုန့်ပြန် ပြောဆိုထားသည်။ “ဘူးသီးတောင်၊

Continue Reading
မောင်တောဒေသမှ မြိုလူမျိုး ၉၀ ကျော် စစ်မှုထမ်းရန် AA ဖမ်းဆီးခေါ်ဆောင်သွား
စစ်ရေး သတင်း
1 min read
0

မောင်တောဒေသမှ မြိုလူမျိုး ၉၀ ကျော် စစ်မှုထမ်းရန် AA ဖမ်းဆီးခေါ်ဆောင်သွား

ဇန်နဝါရီ ၂၂ - ၂၀၂၅
0

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ မြိုလူမျိုး ၉၁ ဦးကို AA က စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ခေါ်ဆောင်ခြင်း ခံရသည့် မြိုတိုင်းရင်းသားများက Western News ကို ပြောသည်။ မောင်တောမြို့နယ် မြောက်ပိုင်းက သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင်၊ လေးမြိုကေသီ စသည့် ကျေးရွာများက အသက် ၁၃ နှစ်မှ ၅၀ အတွင်းရှိ မြိုအမျိုးသား ၉၀ ကျော်ကို အာရက္ခတပ်တော် AA က ခေါ်ဆောင်သွားကြောင်း သိရသည်။ ဒေသခံ မြိုတစ်ဦးက “ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး တပ်တော်က စစ်မှုထမ်းဖို့ဆိုပြီး

Continue Reading