မြေပုံက မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အဟာရချို့တဲ့၍ သေဆုံးသူ အမျိုးသမီး ၃ ဦးထိရှိလာ
ကျန်းမာရေး သတင်း
1 min read
0

မြေပုံက မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အဟာရချို့တဲ့၍ သေဆုံးသူ အမျိုးသမီး ၃ ဦးထိရှိလာ

ဒီဇင်ဘာ ၄ - ၂၀၂၄
0

ရခိုင်ပြည် မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အဟာရချို့တဲ့မှုကြောင့် သေဆုံးသူ အမျိုးသမီး ၃ ဦးထိရှိလာကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ သေဆုံးမှုမှာ ပြီးခဲ့သည့် စက်တင်ဘာလထဲက ၂ ဦးနှင့် နိုဝင်ဘာလထဲက ၁ ဦးတို့ဖြစ်ပြီး စက်တင်ဘာလအတွင်းသေဆုံးသူ ၂ ဦးမှာ အသက် ၆၀ အရွယ်ရှိ ယော်နီဆာဆိုသူအမျိုးသမီးနှင့် အသက် ၅၀ ကျော်အရွယ်ရှိ ဒါဟိိုင်မာဆိုသူဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့က သေဆုံးသူမှာ အသက် ၃၀ အရွယ် အမျိုးသမီးငယ်တစ်ဦးတို့ဖြစ်သည်။ သေဆုံးသူ ၃ ဦးလုံးမှာ စခန်းတွင် အနွမ်းပါးဆုံးအုပ်စုထဲမှဖြစ်ကြပြီး စခန်းတွင် ထောက်ပံ့မှုမရကြသည့်နောက်ပိုင်း စားနပ်ရိက္ခာ ကျပ်တည်းကြရာမှ အဟာရချို့တဲ့ကာ သေဆုံးကြရခြင်းဖြစ်သည်ဟု စခန်းမှာ တာဝန်ရှိအမျိုးသမီးတစ်ဦးက

Continue Reading
မြေပုံမြို့နယ်မှာ မွတ်ဆလင်ဒုက္ခသည်များ အရေပြားရောဂါခံစားနေရ
ကျန်းမာရေး သတင်း
1 min read
0

မြေပုံမြို့နယ်မှာ မွတ်ဆလင်ဒုက္ခသည်များ အရေပြားရောဂါခံစားနေရ

ဒီဇင်ဘာ ၂ - ၂၀၂၄
0

ရခိုင်ပြည် မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းမှာ ကလေး၊ လူကြီးမကျန် အရေပြားရောဂါဝေဒနာ ခံစားနေရကြောင်း မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။ ဒုက္ခသည်စခန်းမှာ မွတ်ဆလင်မိသားစု ၆၀၀ ကျော် လူဦးရေ ၃၀၀၀ ကျော်ရှိပြီး စခန်းတစ်ခုလုံးနီးပါး အနည်းအများ ခန္ဓာကိုယ်ယားယံခြင်းနှင့် အဖုအထစ်များ ဖြစ်ပွားနေကြသည်ဟု ရောဂါဝေဒနာခံစားနေရသူ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောသည်။ “စခန်းတစ်ခုလုံး လူကြီး၊ လူငယ်မရွေး ဖြစ်နေတာပါ။ တစ်ခန္ဓာလုံးယားယံပြီး စဖြစ်တယ်။ ယားနာပျောက်ဆေးတွေ လိမ်းပေမယ့်လည်း မပျောက်ဘူး။ တချို့ဆို အနာဆိုးတွေအထိတောင် ဖြစ်နေကြပြီ။ ဖြစ်နေကြတာက တော်တော်ကြပါပြီ။ မိုးရာသီကတည်းက စဖြစ်နေကြတာ။ ပျောက်လည်းမပျောက်ဘဲ ပိုပိုဆိုးဝါးလာပါတယ်” ဟု ပြောသည်။ အရေပြားယားနားများမှာ ခြေ၊ လက်၊ မျက်နှာ အပါအဝင် ခန္ဓာကိုယ်အနှံ့အပြားတွင်

Continue Reading