မြောက်ဦး-ပုဏ္ဏားကျွန်း ကားခ ကျပ် ၅ သောင်းအထိ ဈေးမြင့်တက်နေ
စီးပွားရေး သတင်း
1 min read
264

မြောက်ဦး-ပုဏ္ဏားကျွန်း ကားခ ကျပ် ၅ သောင်းအထိ ဈေးမြင့်တက်နေ

August 27, 2024
0

(သိမ်းထားမြို့များတွင် AA ဘာလုပ်နေသလဲဟု ဒေသခံများ မေးခွန်းထုတ်လာ) ရခိုင်ပြည် မြောက်ဦးမြို့နှင့် ပုဏ္ဏားကျွန်းမြို့ လိုင်းကားစီးခ တစ်ကြောင်းစာအတွက် ကျပ် ၅ သောင်းအထိ ဈေးမြင့်တက်နေကြောင်း ခရီးသွားလာသူများထံမှ သိရသည်။ ရခိုင်မြောက်ပိုင်းကို အာရက္ခတပ်တော် AA ထိန်းချုပ်သိမ်းပိုက်ပြီးနောက်ပိုင်း ကျပ် ၅ ထောင်တန်ခရီးတစ်ခုကို ကျပ် ၅ သောင်းအထိ ပေးနေရသည်မှာ စံချိန်တင်ဈေးကြီးခြင်းဖြစ်ကြောင်း သိရသည်။ အသက် ၃၆ နှစ်အရွယ် ကွမ်းရောင်းကွမ်းဝယ် အမျိုးသမီးတစ်ဦးက ” မြောက်ဦး-ပုဏ္ဏားကျွန်း၊ မင်းပြား-ပုဏ္ဏားကျွန်း ခရီး လိုင်းကားစီးခ အသွားတစ်ကြောင်းကို ကျပ် ၅ သောင်း၊ အသွားအပြန်ဆိုတော့ တချို့ကားသမားက ကျပ် ၈ သောင်းယူတာရှိတယ်။ ၉ သောင်းယူတာရှိတယ်။

Continue Reading
လေးမြို့မြစ်ရေ ဆက်လက်မြင့်တက်နေ
ဓါတ်ပုံသတင်း သတင်း
1 min read
153

လေးမြို့မြစ်ရေ ဆက်လက်မြင့်တက်နေ

August 2, 2024
0

(မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများအားလုံး ရေနစ်မြှုပ်) (ဓါတ်ပုံသတင်း) မြောက်ဦးမြို့နယ်မှာ လေးမြို့မြစ်ရေ တက်လာနေဆဲဖြစ်ပြီး မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများနှင့် အနိမ့်ပိုင်းက ကျေးရွာများအားလုံး ရေနစ်မြှုပ်နေဆဲဖြစ်သည်။ လေးမြို့မြစ်ရေ အခြေအနေအား Western News မှ ယနေ့ နံနက်က ဓါတ်ပုံသတင်းသွားရောက် ယူရာမှာ ပိုးဖြူကျွန်းကျေးရွာကနေ ရေအလွန်မြင့်တက်နေ၍ ပန်းမြောင်းကျေးရွာသို့ သွားရောက်နိုင်ခြင်းမရှိခဲ့ပေ။ ယခု ဓါတ်ပုံများသည် ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်က လေးမြို့မြစ်ကမ်းဘေးရှိ မြောက်ဦးမြို့နယ် ရော်မဏီကျေးရွာအတွင်း ရေကြီးနေမှုများကို ရိုက်ကူးထားခြင်းဖြစ်သည်။ လေးမြို့မြစ်ရေကြောင့် ကမ်းပြို၍ ပိုးဖြူကျွန်းကျေးရွာမှာ အိမ် နှစ်ဆောင် ရေထဲမျောပါသွားပြီး ပန်းမြောင်းကျေးရွာမှာလည်း ဈေးတန်းပိုင်းက ကမ်းပြို၍ နေအိမ်အများအပြား ရေထဲ

Continue Reading