မွတ်ဆလင်များကို လာမည့်နှစ် ရခိုင်ကို ပို့မည်ဟု ဘင်္ဂလားဒေ့ရှ်အကြီးအကဲပြော
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်ဆလင်ဒုက္ခသည်များကို လာမည့်နှစ် ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည်သို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အကြီးအကဲ မိုဟာမက် ယူနွတ်စ်က ကတိပေး ပြောကြားခဲ့သည်။ ယမန်နေ့ မတ်လ ၁၄ ရက်နေ့တွင် ကော့ဘဇားက မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့်အတူ ရောက်ရှိနေချိန် မွတ်ဆလင်များနှင့် တွေ့ဆုံရာတွင် မစ္စတာ ယူနွတ်စ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ မွတ်ဆလင်ဒုက္ခသည်များအနေဖြင့် လာမည့်နှစ် ရမဒန်ဥပုသ်လ ပွဲတော်အတွင်း ရခိုင်ပြည်က နေရပ်များတွင် ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည်ဟု မစ္စတာ ယူနွတ်စ်က ထပ်မံ ကတိပေးခဲ့သည်။ မွတ်ဆလင်များ နေရပ် ရခိုင်ပြည်သို့ ပြန်သွားနိုင်ရေးကို ကုလသမဂ္ဂအဖွဲ့ UN နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယူနွတ်စ်က ဆိုသည်။ သို့သော်
မွတ်ဆလင်ဒုက္ခသည်များကို AA က စားနပ်ရိက္ခာထောက်ပံ့
ရခိုင်ပြည် ပေါက်တောမြို့နယ် အနောက်ရဲ IDP စခန်းက မွတ်ဆလင်ဒုက္ခသည်များကို အာရက္ခတပ်တော် AA က စားရိက္ခာထောက်ပံ့ပေးခဲ့ကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၄ ရက်နေ့က အနောက်ရဲမွတ်ဆလင်ဒုက္ခသည်များကို ULA/AA ၏ ဒေသခံဆိုင်ရာ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံပြီး စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း HDCO က ယနေ့ ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။ အနောက်ရဲဒုက္ခသည်စခန်းက စားနပ်ရိက္ခာအထောက်အပံ့ အဓိက လိုအပ်နေသော အိမ်ထောင်စု ၁၄၀ စုကို ရွေးချယ်ပြီး ကနဦး ထောက်ပံ့ပေးခဲ့ကြောင်း HDCO က ဆိုသည်။ ပေါက်တောမြို့နယ်တွင် အနောက်ရဲစခန်းအပါအဝင် မွတ်ဆလင်ဒုက္ခသည်စခန်း