AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် OIC အထူးကိုယ်စားလှယ်တွေ့ဆုံ
အာရက္ခတပ်တော် AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် RSO အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။ OIC အထူးကိုယ်စားလှယ် Ibrahim Khairat သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ မကြာသေးခင်က သွားရောက်ခဲ့ပြီး မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများဖြင့် တွေ့ဆုံခဲ့သည်ဟု မတ်လ ၂ ရက်နေ့က Dhaka Tribune က ဖော်ပြသည်။ RSO ခေါင်းဆောင်အချို့၊ RSO နှင့်ဆက်စပ်နေသော မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူများတို့ဖြင့် တွေ့ဆုံခဲ့သည့်အကြောင်း OIC အထူးကိုယ်စားလှယ်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
AA ကို တိုက်ခိုက်ရန် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များမှာ တပ်သားစုဆောင်းနေ
အာရက္ခတပ်တော် AA ကို တိုက်ခိုက်နေသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများထဲက တပ်သား ၅၀၀၀ အထိကို စုဆောင်းထားပြီးပြီဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။ မွတ်ဆလင်ဒုက္ခသည်စခန်းများသည် မွတ်ဆလင်စစ်သား မွေးထုတ်ပေးရာ နေရာဖြစ်နေကြောင်းနှင့် အချို့မှာ အတင်းအဓမ္မခေါ်ယူခံရပြီး အသက် ၁၃ နှစ်သာ ရှိသေးသော ကလေးငယ်များမှာလည်း တပ်သားအဖြစ် စုဆောင်းခံရကြောင်း ရိုက်တာသတင်းက အတိအလင်းဖော်ပြထားသည်။ ရိုက်တာ၏ သတင်းအစီရင်ခံစာအရ မွတ်ဆလင်လက်နက်ကိုင်များ၏ အဓိက ရန်သူမှာ အာရက္ခတပ်တော် AA ဖြစ်ပြီး မြန်မာစစ်တပ်မဟုတ်ကြောင်းဟု မွတ်ဆလင်တပ်သားတစ်ဦးက ပြောဆိုထားသည်ကို တွေ့ရသည်။ ရိုက်တာသတင်းဌာန သည် ဒုက္ခသည်ကူညီရေးအဖွဲ့အစည်းများ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၏ အစီရင်ခံစာများကို သုံးသပ်ခဲ့သလို လူ ၁၈ ဦးကိုလည်း